"မြခက် မင်းဘာတွေလုပ်နေသလဲ...တို့ကိုပြောစမ်းပါအုံး..."
ဒေါ်ထိပ်ထားနွယ်မှာ သူငယ်ချင်းဖြစ်သူအကြောင်း အတွင်းကျကျသိသူဖြစ်သလို။ဒေါ်မြခက်ချယ်ရဲ့ ဗိုက်ထဲအူဘယ်နှခွေရှိသလဲဆိုတာကအစ သူမ၏အမုန်းမီးသည်ကားဘယ်လောက်ကြီးမားသလဲဆိုတာအဆုံး တပ်အပ်ပြောနိုင်လောက်အောင် သိလေသူ။
"သူမသေသေးဘူးထိပ်ထား..."
"ထိပ်ထားမေးသလို တို့ဘာလုပ်ေနသလဲဆိုတာ တို့ကိုယ်တို့သိပါတယ်..."
မဲ့ပြုံး ပြုံးကာ ပြောလိုက်ခြင်းပင်။
"မြခက်ရယ် ပြီးခဲ့တာတွေလဲပြီးပါစေတော့ မင်းအငြိုးတွေအက်သလောက်ကြီးရသလားကွာ"
အနေအေးသလောက် သွေးအေးသည်။သွေးအေးသလောက် အငြိုးကြီးသည်။အငြိုးကြီးသလောက်ရက်စက်တတ်သည်။
"မင်းရော တို့ရော သိပြီးသားပဲ...မဆိုင်တဲ့သူကို ဒုက္ခမပေးပါနဲ့ကွာ..."
ဒေါ်မြခက်ချယ် သက်လျာရှိရာသို့ ပြန်လာကာ coffee ဆက်သောက်နေသည်။
"အန်တီက coffee ကြိုက်တာလား..."
"ကြိုက်တယ်လို့လဲမဟုတ်ပါဘူး...သောက်ပါများရင်းနဲ့ စွဲသွားတယ်ဆိုပါတော့..."
"အော်..."
သက်လျာ ညနေပိုင်းသင်တန်းရှိတာကြောင့် အိပ်ချင်တာတောင် အိပ်မပျော်တော့ပေ။သူ့အမျိုးသမီးဆီကိုဖုန်းဆက်လေသည်။
"အန်တီ....ဘာလုပ်နေလဲ"
အင်္ဂလိပ် အက္ခရာဖြင့် "Mg" ဆိုသော နာမည်လေး၏ နောက်တွင် တခုထဲသော နီနီရဲရဲ အသဲပုံလေးက တွဲလျက်သား။
"ကုမ္ပဏီမှာ...စာရင်းတွေစစ်နေတယ်ကွယ်"
"အန်တီမအားဘူးလား...သက်လျာတောင်းပန်ပါတယ်နော်..."
ထိုအမျိုးသမီးစိတ်ဆိုးမှာ စိတ်ပျက်မှာကို သူမ သေမလောက်ကြောက်မိသည်။
"အိုကွယ်...အားပါတယ် ဒါနဲ့ မောင်ညနေသင်တန်းရှိတယ်ဟုတ်"
"ဟုတ်တယ် အန်တီ..."
"နှင်းသက်လျာ!"
"မင့်ဟာလေ တို့က...တို့ဘက်ကစပြီး ခေါ်နေတာတောင် မင်းက ကျောက်ရုပ်လိုပါပဲလား"
YOU ARE READING
သူမသည်သာ💖(Ongoing)
Romansaသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖