Part-3

551 49 2
                                    

တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသော အမျိုးသမီးသည်ကား....

keyboard များပေါ်တွင် လှပစွာ လှုပ်ရှားနေသော ဒေါ်မြခက်ချယ်၏ မထိရက်မကိုင်ရက် လက်ချောင်းနုနုလေးများ

"ကလေးမ လာပြီလား .... ဒီဘက်မှာ ခနထိုင်အုံးနော် တို့ အလုပ်လေး လက်စသတ်အုံးမယ်နော်" 

ချထားသောမျက်လွှာအား တချက်ပင် လှန်ကြည့်ပီး နှင်းသက်လျာအားပြောလေသည်

ဒေါ်မြခက်ချယ် ထိုကလေးမလေး ဝင်လာထဲက ကလေးမလေးအား သေချာကြည့်နေမိသည်...

အရပ်ကလဲ သူ့မထက် ခေါင်းတလုံးစာလောက်ပိုရှည်မယ်ဟုထင်ရသော ကလေးမ ဆံပင်ကလဲ ဂုတ်လောက်ကိုမှ မိန်းကလေး မဆန်စွာ ညှပ်ထားလေသည်... style pant အမဲထဲကိုမှ ရှပ်အင်္ကျီအပြာနုကို ထည့်ဝတ်ထားသည်က လွန်စွာ smart ကျလှသည် အကျီလက်များကို ခေါက်တင်ထားပီး အင်္ကျီမှအပေါ်ဆုံးကြယ်သီးနှလုံးအားဖြုတ်ကာ ထားလေသော ကလေးမလေးအား သူမ အတော်အတန်ကြာအောင် ‌စိုက်ကြည့်နေမိလေသည်

"ဒီလိုပါ...ကလေးမက အသက်မပြည့်သေးတော့ မှတ်ပုံတင်မရှိဘူးလို့ တို့သိထားတယ် ..."

"ဟုတ်....ဟုတ် ဟုတ်ပါတယ်"

နှင်းသက်လျာ ကြောက်လန့်ပြီး သူမရဲ့ style pant အမဲလေးအား လက်ဖြင့် ချေမွကာ ပြောနေတော့သည်....

ဒေါ်မြခက်ချယ်လဲ နှင်းသက်လျာဆိုသော ကလေးမလေးအားကြည့်ကာ ရယ်ချင်စိတ်ကို မနဲထိန်းထားရတော့သည်...

"မမ ... ဝင်ခွင့်ပြုပါမမ..."

မန်နေဂျာဆိုသော အမတယောက် အခန်းထဲဝင်လာလေသည်...

"မမမြခက်ချယ် ဒီညမလေးရဲ့ အဖေမနက်ကဖုန်းဆက်ထားပါတယ်ရှင့် ... ခနနေ သူ့အိမ်က မှတ်ပုံလာပို့ပေးပါမယ်တဲ့...မမ"

ဒေါ်မြခက်ချယ်အား မကြည့်ပါဘဲ ခေါင်းငုံကာ ပြောနေသော မန်နေဂျာအမ....

နှင်းသက်လျာမှာ သူတို့နှယောက်အား မျက်လုံးလေးကလည်ကလည်ဖြင့် လိုက်ကြည့်နေလေတော့သည်

"ဟုတ်ပီ ... မင်းသွားလို့ရပီ ရတီ..."

ဒေါ်မြခက်ချယ် ရတီအား ကြည့်ကာ ပြောလိုက်လေသည်

သူမသည်သာ💖(Ongoing)Where stories live. Discover now