"Morning ပါ မောင့်အချစ်ကလေး..."
ဒီနေ့အတန်းရှိတာမို့ မနက်စောစော ပြင်ဆင်ပြီး ဖုန်း contact ထဲမှ တခုခုအား ရှာဖွေနေလိုက်သည်
"အွန်း... morning"
"ဟင်..အချစ် ခုထိမနိုးသေးဘူးလား...ဒီနေ့ meeting ရှိတယ်ဆို..."
"အွန်း...ဟုတ်တယ်...အစောကြီးပဲရှိသေးတာကို အိပ်အုံးမယ်ကွာ..."
အိပ်ချင်မူးတူးလေသံဖြင့်ပြောနေသော ချစ်သူအား သက်လျာ အသည်းတယားယားဖြစ်နေတော့သည်မှာမလွဲဧကန်ပင်...
"အချစ်ရယ် ထတော့နော် နေမြင့်နေပြီ...မောင်လဲ ကျောင်းသွားတော့မယ်နော် tutorial ရှိလို့ဒီနေ့"
"အွန်း ထပြီ..ထပြီ.."
"ဒါနဲ့ မောင် tutorial ကဘယ်အချိန်ပြီးမှာလဲ"
အိပ်နေရာမှ ငုတ်တုတ်လေးထထိုင်ကာ ပြောနေတော့သည်
"ထမင်းစားချိန်လောက်ပြီးမယ်လေအချစ်..."
သက်လျာလဲ ဖုန်းချကာ အဆောင်မှ ထွက်လာခဲ့တော့သည်...
"ဟဲ့ ....ဟဲ့ သက်လျာ နင့်လက်က ဘာဖြစ်လာတာလဲ"
ခြူးသဉ္ဇာအခန်းပေါက်ဝတွင်ရပ်စောင့်နေရင်းသက်လျာကိုတွေ့တာနဲ့ အပြေးလာတော့သည်...
"ငါဘာမှမဖြစ်ပါဘူးဟာ...လက်အဆစ်လွဲသွားရုံပါဟ"
"အေးအေး မဖြစ်ရင်လဲ ပြီးတာပဲ ...လာ အတန်းသွားတက်ရအောင်..."
လက်နာနေတဲ့ ကြားထဲက tutorial ကို ဖြေခဲ့ရသေးသည်
"သက်လျာ ဟိုမှာ အန်တီမြခက်ချယ်မလား..."
"ဟင်...ဘယ်မှာလဲဟ"
အအေးသောက်နေရင်း ခြူးလက်ညှိုးထိုးပြသော နေရာသို့ ကြည့်လိုက်သည်...
"ဟဲ့...သစ်ပင်အနောက်မှာ သေချာကြည့်..."
Meeting ပြီးပြီးချင်းချစ်ရသူရှိရာသို့ လာခဲ့တော့သည်...
"သွားပြီ...အခုမှ ခေါင်းဆင်နင်းခံရပီ...ငါလစ်ပြီ...အန်တီလာရင် ငါမရှိဘူးလို့သာပြောလိုက်...သွားပြီဟေ"
"ဟဲ့ဟဲ့ နေအုံးလေအော်...ဘယ်သွားလဲဆိုဘာပြောရမှာလဲ ကောင်မရဲ့"
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖