Part-6

490 40 0
                                    

"မရတီ check out လုပ်လို့ရပီနော်..."

သက်လျာဒီနေ့ကျောင်းကအဆောင်ကိုပြောင်းမှာမို့ လိုအပ်တာတွေထည့်နေရလေသည်။

"မြခက်ညက နောက်ကျမှပြန်ရောက်လို့ ကိုကိုကြီးဆီ မလာတော့တာ"

ဒေါ်မြခက်ချယ်တယောက်ပြောရင်းဆိုရင်းပင် ဦးမြတ်သူရအနားသို့လျှောက်သွားလေသည်။

"မြခက် သူမသေသေးဘူးတဲ့..."

"မြခက်သိတယ်လေ...ဒါကြောင့်ကိုကိုကြီးကိုစုံစမ်းခိုင်းတာပေါ့"

ပေါင်မုန့်ကြက်ဥကြော်ကို ခက်ရင်းဖြင့်ထိုးစိုက်ကာဓားဖြင့်လှီးနေရင်းပြောလေသည်။

ပြင်ဦးလွင်မြို့ရဲ့ အထင်ကရစီးပွားရေးလုပ်ငန်းရှင် ဦးသက်အောင်တို့ညီအစ်ကိုပင်...ကော်ဖီခြံပဲလက်ညှိုးထိုးမလား လိမ္မော်ခြံပဲ စွေစောင်းကြည့်မလား ဦးသက်အောင်ပိုင်သည်မှာ မလွဲဧကန်။

"မန္တလေးမှာတဲ့မြခက်...ကိုကိုကြီးဘာဆက်လုပ်ပေးရမလဲ"

"လုပ်ပေးစရာမလိုသေးဘူးကိုကိုကြီး ...ခုနပြောနေတာဆက်ပြောပါ"

ဒေါ်မြခက်ချယ် အတွေးပေါင်းမြောက်မြားစွာနဲ့ပင်။

"အနေများတာက မန္တလေးမှာ...တခါတလေ ပြင်ဦးလွင်ဘက်ကို တက်တယ်...အက်ဘက်မှာ အလုပ်လုပ်တယ်"

"နောက်ပြီး..."

ဦးမြတ်သူရပြောလက်စ စကားရပ်ပီး ညမဖြစ်သူအား ကြည့်နေလေသည်။

"နောက်ပြီး သူ့မှာ တဦးတည်း‌ေသာတူမလေးတယောက်ရှိတယ်ဟုတ်.."

‌သွေးအေးအေးပင်စကားဆက်လိုက်သည်။သွေးအေးတဲ့သူကပိုပီးကြောက်ဖို့ကောင်းတယ်...

"သမီးက နှင်းသက်လျာပါ အဆောင်မှူး...အခန်းသော့လေးယူချင်လို့ပါ"

နှင်းသက်လျာတယောက်အဆောင်ကိုသာရောက်တာစိတ်က‌ဖြင့် အမျိုးသမီးဆီကမခွာနိုင်ပေ။

"ဖေကြီး မီးအဆောင်ရောက်ပီနော်...စိတ်ချနော် မီးအတွက်စိတ်မပူနဲ့..."

"အေးပါ...ဖေကြီးစိတ်ချပါတယ်...ပိုက်ဆံလိုရင်လဲပြောနော်....ဦးဆန်းထွဋ်နဲ့ထည့်ပေးလိုက်မယ်ဟုတ်ပီလားမီးလေး..."

သူမသည်သာ💖(Ongoing)Where stories live. Discover now