"ဟဲလို အခန်း 202 က ပါလားရှင့် ... reception ကပါ ဦးသက်အောင် ဖုန်းဆက်နေပါတယ်ရှင့်"
"ဟုတ်ပါတယ်ရှင့် ...ဖုန်းလေးလွဲပေးပါအုံးနော်" အိပ်ချင်မူးတူးလေးဖြင့် ပြောလိုက်သော သူမ...
"ဟဲလို မီးလေး နေရတာ အဆင်ပြေရဲ့လား..."
"အဆင်မပြေဘူးဖေကြီး မှတ်ပုံတင်မရှိလို့ ညကနေစရာတောင် ပျောက်တော့မလို့လေ..."ဝမ်းနည်းစွာပြောလာသော နှင်းသက်လျာ....
"ဒီနေ့ ဦးဆန်းထွဋ် လာလိမ့်မယ် မီးလေး ဖုန်းလဲ ဖေကြီးတို့ ထည့်ပေးလိုက်တယ် မှတ်ပုံတင်ကလဲ သမီး ၁၀ နှစ်တုန်းလုပ်ထားတာ ထည့်ပေးလိုက်တယ်နော် မီးလေး ဖေကြီး hotel ကသူတွေကိုပြောထားတယ် ဘာမှမကြောက်နဲ့နော် မီးလေး"
ငယ်ငယ်ထဲကလူကြောက်တတ်သော နှင်းသက်လျာလေးအား ဖခင်ဖြစ်သူမှ လူတောတိုးစေရန် တယောက်ထဲလွှတ်လိုက်ပေးမယ့် စိတ်ပူနေရှာသည်
"ဟုတ်ဖေကြီး အက်တာဆို မီးမနက်စာသွားစားလိုက်အုံးမယ်နော်...ဒါပဲနော်ဖေကြီး" ငိုသံလေးဖြင့်သာ ပြောနေတော့သည်...
ဒီနေ့မှ ဒေါ်မြခက်ချယ်တယောက်လဲ အစောကြီးနိုးနေပြန်သည်...
"ကိုကိုကြီး မြခက်မနက်စာမစားတော့ဘူးနော် hotel ကိုသွားလိုက်အုံးမယ် စာရင်းစစ်စရာလေးရှိလို့" အကိုအားမကြည့်ပါပဲ ပြောချင်တာပြောပီး ကားပေါ်တက်သွားသော အမျိုးသမီး...
"ညမလေး နိုးပီလား ... breakfast က အောက်ဆင်းစားရမှာနော်..."
"ဟုတ်ကဲ့မမ" ပြုံးပြပီး ပြန်ပြောနေသော ချစ်စဖွယ်ကလေးမလေး...
"Morning မမ ..."
ကားပေါ်မှ ခြေတလှမ်းချင်း လှမ်းကာ ဆင်းလာသော အမျိုးသမီး....
ပိတ်ဖောက်ဇာ အနီရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားကာနေကာမျက်မှန်တပ်ထားသောသူမအား အဝေးက လှမ်းကြည့်နေသောသူတယောက်ရှိမှန်း သူမမသိချေ..."အရမ်းကိုကျက်သရေရှိပါလား..."
နက်မှောင်နေသောဆံပင်အား ပုဝါးပါးလေးဖြင့် သာချည်နှောင်ထားပီး တဖက်ထဲသို့စု၍ ချထားသောသူမ Dior တံဆိပ် လက်ကိုင်အိတ်အမဲရောင်အား လက်တဖက်တွက်ချိတ်လျက် ... ကတ္ထီပါဖိနပ် အနီရောင် အပါးလေးက သူမခြေဖဝါးနုနုအောက်မှာ သာယာနေရှာရောပေါ့....
![](https://img.wattpad.com/cover/312260806-288-k142183.jpg)
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖