"မရတီ ဟိုလေ အမတို့ CEO က ဒီကိုနေ့တိုင်းမလာဘူးလားအမ"
သက်လျာကျောင်းအပ်ပီး hotel သို့သာ ပြန်လာလေသည်။တလမ်းလုံးလဲ ဒေါ်မြခက်ချယ်အကြောင်းပင် တွေးနေတော့သည်။တွေးလေနင့်လေပါပဲလား။
"ဟုတ်တယ် မမက သူ့ရုံးချုပ်မှာပဲ ထိုင်တယ်ကွယ်... hotel ထဲကျတော့ အကြောင်းရှိမှလာတာရယ်"
"ဟုတ်ကဲ့မရတီ သက်လျာ မနက်ဖြန် ကျောင်းကအဆောင်ကိုပြောင်းတော့မှာ...အက်တာ မနက် အခန်းကို check out လုပ်မယ်နော်အမ"
နှင်းသက်လျာဒီကထွက်မသွားခင်တော့ အန်တီနဲ့တွေ့ချင်နေမိသည်။
"မြခက်ရယ် နင်လဲ ဘယ်ဘဝကရေစက်များပါလိမ့်"
ဒေါ်ထိပ်ထားနွယ်တယောက် သူငယ်ချင်းအား ဘယ်လိုပုံမျိုးဖြင့် နှစ်သိမ့်ရမည်ကိုမသိတော့ပေ။သူ့မလဲခံစားရတာနင့်နေတာကိုး။
"ရတီ ဟိုကလေးမလေးရော..."
ပါးစပ်ကထိန်းထားတဲ့ကြားမှထွက်ဖြစ်အောင်ထွက်သွားမိသည်။ကော်ဖီဆိုင်မှအပြန် အိမ်မရောက်ဘဲ hotel သို့ရောက်ချလာလေသည်။ကလေးမလေးအားတွေ့ချင်သည့်စိတ်ကကြီးစိုးနေသည်။ဒေါ်မြခက်ချယ်အစစ်မှဟုတ်ရဲ့လား။
"ရှိပါတယ်မမ...သူမနက်ဖြန် ကျောင်းကအဆောင်ကိုပြောင်းတော့မှာတဲ့မမ"
ဒေါ်မြခက်ချယ် မျက်နှာပျက်သွားသည်ကို ရတီသတိထားမိလိုက်သည်။ဒီခေတ်မှာဒါမျိုးတွေကအဆန်းမဟုတ်တော့ဘူးလေနော်။ရတီရိပ်မိနေသည်မှာ ကောင်မလေးကို ဒေါ်မြခက်ချယ် ခေါ်တွေ့သည့်နေထဲကပင်။
"ဪ...အေးအေး ကောင်းတာပေါ့ တို့လဲ hotel အတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့"
ဒေါ်မြခက်ချယ်ပြောနေရင်းပင် ကားပါကင်သို့ထွက်သွားတော့သည်။
သက်လျာတယောက် အိပ်မပျော်လေတော့ hotel ဝန်းထဲ လမ်းဆင်းလျှောက်ေလသည်။အန်တီ့ကားဝင်လာထဲကမြင်သော်လဲ ဖာသိဖာသာနေခဲ့သည်။
"အန်တီမြခက်ချယ်..."
ကားတံခါးဖွင့်နေသော သူမအနားသို့ကပ်ကာခေါ်လိုက်သည်။ဒေါ်မြခက်ချယ်ရဲ့ လက်များကိုတော့ လွှတ်မပေးသေးပေ။ညအိပ်ဝမ်းဆက်လေးနဲ့ကလေးမလေးက တမျိုးလေးချစ်စရာကောင်းနေပြန်သည်။
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖