ထိုစကားကိုကြားရမယ်ဆိုတာသိနေပါရဲ့နဲ့ အန်တီ့နှုတ်ကထွက်လာမယ့်အသံလေးကိုပဲကြားချင်နေမိတာ အပြစ်လား....
"ဘာကြောင့်လဲအန်တီ သက်လျာအန်တီ့အပေါ်ဘာအမှားတွေလုပ်မိလို့လဲအန်တီ"
"..."
"အန်တီ အန်တီ မကြိုက်တာရှိရင် သက်လျာကိုပြောလေနော် ထားတော့မထားခဲ့ပါနဲ့ အန်တီရယ် အဟင့်...အဟင့်"
"အန်တီမရှိရင် သက်လျာသေလိမ့်မယ် အဟင့်...အဟင့် သက်လျာကိုသနားပါနော် အန်တီနော် အဟင့်..."
ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဖူးသော ကလေးက ထိုအမျိုးသမီးနဲ့ကျမှ ဒူးထောက်တောင်းပန်နေလေရဲ့...
"သက်လျာ ထစမ်း သမီးသူ့ကိုဘာမှတောင်းပန်စရာမလိုဘူး! တောက်!"
ဒါကတော့ ဦးလေးဖြစ်သူအနေနဲ့ ဒီလိုအဖြစ်အပျက်ကို မကြည့်ရက်လေခြင်းပေါ့....
"အန် အန်တီ သက်လျာကို မချစ်တော့ဘူးလားဟင်...အန်တီ သက်လျာမေးနေတာဖြေပါအုံးနော်..."
"တို့..တို့...တို့ မင်းကို..."
"မချစ်ဘူးဆိုရင်တောင် ချစ်တယ်လို့ လိမ်ပြီးပြောပေးလို့မရဘူးလားဗျာ...အဟင့်...အဟင့်..."
ဒေါ်မြခက်ချယ်ပေါင်ထက်သို့ ခေါင်းငုံ့ချကာ ရှိုက်ကြီးတငင် ငိုနေတော့သည်....
"တို့မှာအကြောင်းပြချက်မရှိဘူးနှင်းသက်လျာ!"
"တို့...တို့...တို့ မင်းကို မချစ်ခဲ့ဘူး"
မျက်ရည်မကျအောင် တင်းခံပြီးပြောနေရသည်မှာလဲ မလွယ်ကူလှ ချစ်ရတဲ့သူကမျက်ရည်ကျနေတော့ မခံစားနိုင်ဘူး.....
"သက်လျာလမ်းခွဲပေးလိုက်ရင် အန်တီပျော်မှာလား စိတ်ချမ်းသာမှာလားအန်တီ..."
ဒီတခါတော့ မတ်တပ်ရပ်ကာ တလုံးချင်းမေးလာသည်....
"ဟုတ်တယ် မင်းမရှိရင် တို့ပျော်တယ် မင်းနဲ့နေရတာ တို့အတွက် ပူလောင်တယ်လို့ခံစားရတယ်"
"ကောင်းပါပြီအန်တီ...."
"အန်တီ့သဘောအတိုင်းဖြစ်စေရပါမယ်"
မျက်ရည်များကို လက်ဖဝါးဖြင့် ကြမ်းတမ်းစွာသုတ်လိုက်သည်....
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖