Part-27

1.3K 60 8
                                    

"ဟမ် ဘယ်သူစောင့်နေတာလဲ...ဒါနဲ့မင်းက"

"Hana ပါ အန်တီမမှတ်ဘူးထင်တယ်"

ဒေါ်မြခက်ချယ်လက်ကိုဆွဲကာ ခြံပြင်ထိထွက်လာသည်။ထိုစဉ်တွေ့လိုက်ရသောသူမှာ....

"ဟမ် အန်တီ အန်တီထိပ်ထား ဒီကိုဘယ်ကနေဘယ်လို"

ထိပ်ထား - "တို့ကို ဖုန်းဆက်ခေါ်လို့လာတာ"

Hana - "ဘယ်သူကလဲ"

သက်လျာမှာ ဒေါ်မြခက်ချယ်ကိုတွေ့ချင်သော်လည်း တွေ့ရမှာ မျက်နှာပူမိသလို မဝံ့မရဲဖြစ်နေတာကြောင့် ထိပ်ထားနွယ်အားဖုန်းဆက်ကာ ခေါ်မိသည်။

"မင်း သူဌေးလေ သူခေါ်လို့ တို့လာတာ ကားက ပြင်ထားလို့ Taxi ငှါးပြီးလာရတာ"

"ဟမ် သူက ဒီမှာစောင့်နေတာလေ"

ဒေါ်မြခက်ချယ်မှာတော့ သူတို့နှယောက်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေပြီး ဘာမှဝင်မပြောပေ။ထိုအချိန် Hana ထံသို့ ဖုန်းဝင်လာသည်-

"ဟိုခနလေးနော် Hanaဖုန်းပြောချင်လို့"

'ကောင်းပြီ' ဆိုပြီးထိပ်ထားနဲ့မြခက်ခေါင်းငြိမ့်ပြကာ Hana ဖုန်းပြောနေသည်ကို စိတ်ဝင်တစားကြည့်နေကြသည်။

"Kei ဘယ်ရောက်သွားတာလဲဗျာ ဘယ်လိုလုပ် ဟိုဘွားတော်ကြီးကရောက်လာတာလဲ"

"အေး ငါလဲ ကြောက်လို့ပါကွာ ဒါနဲ့ အန်တီရော"

"အန်တီအဆင်ပြေပါတယ် ကျွန်တော်ရောက်သွားတာ စောသွားလို့တော်သေးတယ် ဟို သူ့ကောင်မလေးကတော့ တော်တော် ဒေါပွသွားတယ်သိလား အဟိ"

Hana ကတော့ ဘုမသိဘမသိနဲ့ ခြူးသဉ္ဇာဖြစ်ပျက်ပုံကို သဘောတကျရယ်နေမိသည်။

"အန်တီ့ကို Hotel ကိုခေါ်လာခဲ့လိုက် အန်တီထိပ်ထားကိုတော့ ပြန်ပို့ခဲ့လိုက် ပြီးရင် မနက်ဖြန် မနက်စာအတွက် ဖိတ်ခဲ့ hotel လိပ်စာပေးခဲ့လိုက်"

"အာ ဟုတ် Kei အခုပဲလုပ်လိုက်ပါမယ်"

"အန်တီ reception ကိုသွားလိုက်နော် အဲ့က ကောင်မလေး အခန်းစီစဉ်ပေးလိမ့်မယ်နော် Hana အန်တီ့ကိုလိုက်ပို့လိုက်ပါအုံးမယ်"

Kei ပြောသလို မြခက်အား Hotel သို့ပို့ခဲ့ပြီးနောက် ထိပ်ထားအား အိမ်ပြန်ပို့ရန်ဦးတည်လိုက်သည်။

သူမသည်သာ💖(Ongoing)Where stories live. Discover now