"ငါ့ညီရေ မင်းတူမကို ငွေသွားပို့ပေးအုံး သင်တန်းကြေးသွင်းရမယ်ဆိုတယ်..."
"ကျွန်တော် ဒီရက်ထဲ ခြံထဲမှာ အလုပ်များနေတယ် ... သွားလို့မရဘူး banking နဲ့လွှဲပေးလိုက်လေအကိုရယ်..."
နှစ်ယောက်သား ကားပေါ်မှာ စလိုက်နောက်ဖြင့် ညနေစောင်းလို့ စောင်းမှန်းမသိလိုက်ချေ...
"ဗိုက်ဆာတယ်...ဗိုက်ဆာတယ်လို့...ဗိုက်ဆာတယ် ဆိုအဒေါ်ကြီးရေလို့..."
တခါပြောလဲပြန်မပြော နှခါပြောလဲ ပြုံးပြုံးကြီးသာ ကားဆက်မောင်းနေသောကြောင့် ဒေါ်မြခက်ချယ်အား အသဲယားလာလေသည်။
"ဟာ...ကြားပါတယ်ကွာ မင်းကလဲ...နားတွေဆိုတာ ကွဲထွက်တော့မယ်..."
"ကြားရင်လဲ ပီးရော ကလေးကိုမုန့်ကျွေးရမယ်ဆိုတာ မသိဘူးလား မသိ ဒီအပျိုကြီးနှယ်..."
မဲ့ရွဲ့ပြီးပြောလိုက်ပုံက တကယ့် ကလေးပေါက်စအလားပဲ...
"မင်းတော်"များနေပြီနော် တို့ဘာသာ အပျိုကြီးမကလို့ အပျိုဟိုင်းပဲဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တယ်ဗျ...ဒီကလဲ အက်လို နှစ်ချို့ဝိုင်တွေကိုမှ ကြိုက်နေတော့ ဘယ်လိုတောင်လုပ်ရပါ့မလဲ...ဟဲဟဲ"
"အို...ဘာဆိုင်လဲ ဝိုင်နဲ့တို့နဲ့ တခြားဆီတွေ"
မျက်စောင်းလေးပစ်ကာပြောလေတော့ ဒီလူရင်ဘတ်ကြီးဗြောင်းဆန်နေရောပေါ့....
"အပျိုကြီးကတော့ အကုန်သင်ပေးရတော့မယ်...ဒီလိုလေကွာ...ဝိုင်တွေက နှစ်ချို့အောင်ထားရင် ဆေးဖက်ဝင်တယ်ဟုတ်...အက်လိုပဲ ဒေါ်မြခက်ချယ်ဆိုတဲ့ နှစ်ချို့အပျိုကြီးကလဲ သက်လျာအတွက် မရှိမဖြစ် ဆေးဖက်ဝင်တဲ့ သူတယောက်ပေါ့..."
မျက်ခုံးလေးနှဖက်အား ပင့်ကာ ဒေါ်မြခက်ချယ်ရှိရာသို့ လှည့်ကာ ပြောလိုက်သည်။
"ဟွန့် သာလိကာမလေး...စကားအတော်တတ်"
"ကဲ ဗိုက်ဆာပြီဆိုလဲဆင်းတော့ ဆိုင်ရောက်ပီ...စကားအရမ်းများတာပဲ"
သက်လျာကားပေါ်မှ အမြန်ဆင်းကာ အမျိုးသမီးအား ကားတံခါးလာဖွင့်ပေးလေသည်။
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖