Part-19

407 50 12
                                    

ဆိုင်သူအမျိုးသမီးထံသို့ နေ့တိုင်းသွားပါသော်လည်း အမျိုးသမီးက အကြောင်းမရှိရှောင်နေခဲ့သည်မှာ အတော်ပင်ကြာနေပီ.....

"အန်တီ သက်လျာတို့ စကားခနပြောရအောင်"

အတွေ့မခံတော့လဲ အတွေ့ခံအောင် ရုံးခန်းထဲထိသွားရတာပေါ့ ဒါတောင် သိက္ခာဆိုတဲ့ စကားနဲ့ကိုင်ပေါက်အုံးမလားမသိဘူး....

"ဘာကိစ္စလဲ တို့အားမနေဘူး နှင်းသက်လျာ"

မသိစိတ်ကချစ်နေသော်လည်း အသိစိတ်ကတော့ အကြိမ်ကြိမ်အခါခါ ငြင်းပယ်ချနေသည်...ဒါလဲ အကြောင်းတခုခုကြောင့်ပါလေ.....

"စကားလေးပဲပြောချင်တာပါ သက်လျာနောက်ခနလိုက်ခဲ့ပေးလို့ရမလား"

ထိုအမျိုးသမီးအား အတိုင်းအဆမရှိအောင်ချစ်သည်...သို့သော် အလွန်တရာမှ နာကြည်းသည်...

"ကောင်းပြီလေ သွားကြတာပေါ့"

သက်လျာက ကားတစီး ဒေါ်မြခက်ချယ်က ကားတစီး ရှေ့ဆင့်နောက်ဆင့် မသိရင် ကားပြိုင်ပွဲရောက်နေသလိုပင်....

"အန်တီဒီမှာပဲပြောကြရအောင်"

သက်လျာတို့ ကျောင်းဝန်းထဲ ကားရပ်ကာ စကားစလိုက်သည်...

"ပြော!"

"အန်တီနဲ့ ဦးဆန်းထွဋ်တို့အကြောင်းသက်လျာသိသင့်သလောက်သိပြီးပါပြီ..."

ဒေါ်မြခက်ချယ်ရဲ့ မျက်နှာမှာ အောင်နိုင်သူရဲ့ အပြုံး‌ကိုဆောင်လျက်....

"ဒီတော့ တို့က ဘာလုပ်ပေးရမလဲ နှင်း သက် လျာ"

စကားလုံးတလုံးစီတိုင်းမာန်ပါပါနဲ့ ပြောနေပုံလေးကအစ အမျိုးသမီးက ကြည့်လို့ကောင်းလှသည်..

"သက်လျာသိချင်တာက အခုချိန်မှာ သက်လျာတို့ နှယောက်က ဘာတွေလဲ..."

ဒီတခါတော့ သက်လျာ ဒေါ်မြခက်ချယ်ကို မကြည့်နိုင်တော့ပါ အဝေးတနေရာသို့ငေးရင်းပင်....

"တို့နှယောက်က အရင်ကလိုပဲလေ မင်းဘာတွေဖြစ်နေသလဲ တို့ကိုအက်တာမေးဖို့ ဒီအထိခေါ်လာခဲ့ရလားမင်းအချိန်တွေအရမ်းအားနေတာလား"

ဖြေပုံကိုက ဆွဲနမ်းပစ်ချင်စရာ

"အရင်လိုပဲဆိုတော့ ချစ်သူတွေပဲပေါ့နော် အန်တီ"

သူမသည်သာ💖(Ongoing)Where stories live. Discover now