Part-24

333 37 7
                                    

"Hello...ထိပ်ထား ငါပါ...မြခက်"

တညလုံးလဲအတွေးပေါင်းစုံနယ်ချဲ့ကာ အိပ်ပျော်နိုင်ဘဲ အစောဆုံးနိုးနေကာ သူငယ်ချင်းဖြစ်သူဆီဖုန်းဆက်ရတော့သည်...သူတောင်းပန်ရမည်လေ

"အော်...အင်းပြောလေ"

ဖုန်း contacts ကိုမြင်သော်ငြား မသိချင်ယောင်ဘဲဆောင်တာပိုကောင်းပါတယ်လေ...

"ငါနင်နဲ့ တွေ့လို့ရမလား ထိပ်ထား"

"အင်း ရတယ် ဆိုင်ပဲလာခဲ့လိုက်"

ခပ်ပြတ်ပြတ်သာပြောပီး ဖုန်းချလိုက်သော သူငယ်ချင်းမအား အပြစ်မဆိုရက်...

"ထိပ်ထား"

ကော်ဖီဖျော်နေသော ထိပ်ထားအနောက်သို့သွားကာ...ပုခုံးလေးကိုပုတ်လျက်

"အော်...ရောက်ပီလားထိုင်လေ"

"ထိပ်ထား ...ထိပ်ထား ...ငါလေ...ငါ အရမ်းမှားသွားပြီဟာ..."

ငိုနေရင်းတောင် အလှမပျက်တဲ့သူမ ...မျက်ရည်တွေသာကျနေတာ ရှိနေတဲ့အလှတရားက မပျောက်ကွယ်သွားဘူး...

ဂျပန်နိုင်ငံတွင်.....

"Hana မင်း ညနေလေဆိပ်ဆင်းမှာလား ငါပါလိုက်မယ် ငါရန်ကုန်က project အသစ်လုပ်ချင်လ်ို့"

Keyboard ပေါ်တွင် ရွေ့လျားနေသော လက်ချောင်းသွယ်သွယ်လေးများနှင့်မလိုက်အောင် ခက်ထန်နေသော မျက်နှာထားမျိုးနှင့်သူမ....

"Kei ဘာ project လဲ"

"Beach ဘက်မှာ Hotel project လုပ်ချင်နေတာ အခုဆို ဟိုဘက်မှာက ဆောင်းတွင်းလေ မကြာခင် နွေပေါက်တော့မှာဆိုတော့ beach ဘက်ကို အခြေတည်မလားလို့လေ ...နေရာလဲကြည့်ချင်တာနဲ့"

Laptop ပေါ်မှအကြည့်တို့ခွါကာ ထိုင်ခုံကိုမှီလျက် လေးလေးနက်နက်စကားဆိုနေပုံမှာ မိန်းမချင်းတောင်ကြွေချင်စရာပင်....

"ဟုတ်ကဲ့ ဒါဆ်ို flight ကို နှစ်စောင်ဖြတ်ထားပါမယ်"

မြန်မာနိုင်ငံတွင်....

"ဟဲလို"

"ဟဲလို သက်လျာပြောလေ"

သက်လျာဟူသော နာမ်စားလေးကြားရုံနဲ့ ပြောလက်စ စကားများရပ်သွားကာ ထိပ်ထားအား အာရုံစိုက်နေလေရဲ့....

သူမသည်သာ💖(Ongoing)Where stories live. Discover now