Part-17

380 40 5
                                    

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကြီးရဲ့ မြေနီလမ်းထက်....

ကောင်လေးတယောက်နဲ့ ကောင်မလေးနှယောက် လက်ချင်းတွဲလို့ ပျော်ရွှင်‌စွာ လျှောက်လှမ်းနေကြတယ်....

"ဟဲ့ ဆန်းထွဋ် ကျောင်းပြီးရင်ဘာလုပ်မယ် စိတ်ကူးသလဲကွယ်..."

မြခက်တို့ အုပ်စု ကန်တင်းမှာထိုင်လို့ မနက်စာစားနေကြလေရဲ့....

ထိပ်ထားနွယ်-
"ငါကတော့ ဘာမှမလုပ်ချင်ဘူးဟာ ကဖေးဆိုင်လေးတဆိုင်ဖွင့်ပြီး အေးအေးဆေးဆေးလေးနေချင်တယ်"

ဆန်းထွဋ်-
"ငါကတော့ မန္တလေးပြန်မယ်ဟာ မိဘလက်ငုပ်လက်ရင်းကိုဦးစီးမယ်"

"နင်ကရော မြခက်" ထိပ်ထားနဲ့ ဆန်းထွဋ် နှယောက်လုံးမှ ပြိုင်တူမေးမိကြသည်....

"ငါကလား...ငါကတော့ မသိသေးပါဘူးဟာ...ငါဖြစ်ချင်တာကတော့ ပိုက်ဆံအများကြီးရှာချင်တယ်ဟာ.."

မြခက်ချယ်ဟာ ငယ်ငယ်ထဲက မိဘနှပါးရဲ့ မေတ္တာကိုအပြည့်အဝမရတဲ့အပြင် ရွှေရှိမှ အမျိုးတော်ချင်ကြတဲ့ အသိုင်းအဝိုင်းထဲကဖြစ်သည့်အလျောက် စိတ်ဒဏ်ရာများစွာ ရှိနေသောသူမပင်.....

"ဟဲ့...မြခက် ငါ့ကိုဆန်းထွဋ်ကလေ...သူက..."

"ဘာဖြစ်လဲ ငါ့ကိုပြောစမ်းသူကမင်းကိုဘာလုပ်လိုက်လဲ!"

စာကျက်နေရာကို သူငယ်ချင်းဖြစ်သူမှ အပြေးအလွှားရောက်လာကာ ဆန်းထွဋ်အကြောင်းပြောသဖြင့် မြခက်ချယ်တယောက် စိတ်ကအစိုးမရတော့...

"သူက...သူကလေ ငါ့ကို...ငါ့ကို ချစ်တယ်တဲ့ဟ"

"ပြီးတော့ ဒီကိစ္စကို မင်းကိုမပြောနဲ့လို့လဲ ပြောသေးတယ် မင်းသိရင် သူငယ်ချင်းအချင်းချင်း ပြသနာတက်မှာစိုးလို့တဲ့ဟ"

"ဪ..."

ဪ ဆိုသည့် စကားတလုံးနဲ့ အတူ မြခက်ရဲ့ မျက်နှာအမူအရာမှာ သိသိသာသာ ကိုပျက်သွားတာကို ထိပ်ထား သတိထားမိလိုက်သည်...

"မြခက် မင်း တခုခုဖြစ်သွားတာလား"

"ဟင့်အင်း ဒါနဲ့ ထိပ်ထား မင်းရော ဘယ်လိုအဖြေပြန်ပေးခဲ့သလဲ တို့သိချင်မိတယ်"

သူမသည်သာ💖(Ongoing)Where stories live. Discover now