Group 1ရဲ့ ငါးယောက်သောအဖွဲ့ဝင်တွေ
လူစုံသွားတဲ့အချိန်မှာ ခေါင်းဆောင်ကြီး Mr.Tioဦးဆောင်မှုနဲ့ သူတို့အကုန်လုံး meeting roomထဲ နေရာရွှေ့လိုက်ကြတယ်။ အစ်မ စောအယ်နှင်း တစ်ယောက်တည်းရှိနေတုန်းက ပေါ့ပါးလွတ်လပ်တဲ့ အလုပ်ခွင်ပတ်ဝန်းကျင်လေးက team leaderရောက်လာမှပဲ စစ်မြေပြင်ဖြစ်သွားရသလိုလို၊ ဘာလိုလို...။ Pestioရဲ့ အပြုံးတွေကိုသာရနေတဲ့ ချယ်ရီမေနဲ့ မြတ်ကိုကိုအတွက်ကတော့ ဇေယျာကိုကိုခံစားရသလို ခံစားချင်မှ ခံစားရလိမ့်မယ်။ဘာလဲ...ငါ့ပုံစံက ပုံတုံးနေလို့ ဂရက်ဖစ်ဒီဇိုင်းပညာရှင်
ဆိုတာထက် ဖက်ရှင်ဒီဇိုင်နာတစ်ယောက်လိုဖြစ်နေတဲ့
Pestioက သူ့ဖက်ရှင်အမြင်နဲ့ကြည့်ပြီး နှာခေါင်းရှုတ်ချင်တာလား တွေးမိတော့ meeting tableထိပ်ဆုံးမှာ နေရာယူထားတဲ့ အမျိုးသားကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်မိသွားတယ်။Wavy hairstyleနဲ့ အမျိုးသားတွေကို
ဇေယျာကိုကို ဆယ်ယောက်ထက်မနည်း မြင်ခဲ့ဖူးပေမယ့်
သူတို့က ရုပ်ရည်အဆင့်အတန်းမြင့်တဲ့ ဆယ်လီတွေပုံစံအတိုင်း လိုက်တုထားတဲ့ ကလုန်းတွေမှန်း သိသာစေတယ်။ များသောအားဖြင့် ဇေယျာကိုကိုတွေ့ဖူးတဲ့ wavy hairstyle ပိုင်ရှင်တွေက နားထင်နှစ်ဖက်ကို အပြောင်ရိတ်ထားကြလို့ သူတို့ရဲ့ ခေါင်းအလယ်မှာ စုနေတဲ့ ဆံပင်တွေက အမှတ်တမဲ့ကြည့်မိရင် ခေါင်းပေါ်မှာ ငှက်သိုက်တင်ထားသလိုမျိုး အပုံလိုက်ကြီး ဖြစ်နေကြတာ...။ဒါပေမယ့် Pestioရဲ့ wavy hairstyleကတော့ ကြည့်ပျော်ရှူပျော်ဆိုတာထက် ပိုတယ်။ ဆံပင်တစ်ဝက်
စည်းလို့ရတဲ့ အနေအထားအထိ ရှည်နေတဲ့ wavy hair
လေးတွေကို နားအနောက်ဖက်မှာ ပုံကျကျလေး သိမ်းထားတာရယ်၊ နဖူးဘေးနှစ်ဖက်ကနေ ပါးအထိ ခပ်ပြေပြေ လျှောကျနေတဲ့ လှိုင်းတွန့်ဆံပင်လေးတွေရယ်.... ဇေယျာကိုကို,ကို ပြုံးမပြတဲ့ မကျေနပ်မှုကိုဖျောက်ပြီး အမှန်အတိုင်းဝန်ခံလိုက်ရမယ်ဆိုရင်
Wavy hairstyleရဲ့ ဆန်းသစ်လှပခြင်းနဲ့ လူငယ်ဆန်ခြင်း အသက်ကို Pestioက သူ့မျက်နှာနဲ့ ထိန်းထားပေးတာ။မျက်နှာအစိတ်အပိုင်းအားလုံးကို တစ်ခုချင်းစီပဲ
ကြည့်ကြည့်၊ ခြုံငုံပြီးပဲကြည့်ကြည့် Pestioရဲ့မွေးဖွားလာမှုက ဘုရားသခင်ရဲ့ တကယ်ကို ပြစ်ချက်ကင်းတဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှုတစ်ခုပဲ။ စားပွဲခုံကို တတောက်တောက် ထိတွေ့နေတဲ့ လက်ချောင်းလေးတွေရဲ့ ကြည်မြမှုကိုပါ အားကျမိရင်း ဘယ်လိုလူမျိုးက ဒီလောက်အထိ ပြီးပြည့်စုံနေရတာလဲဆိုတဲ့ အတွေးတစ်ခု ဝင်မိရုံရှိသေး... အဲ့ဒီအချိန်မှာပဲ ဇေယျာကိုကိုတစ်ယောက် ချယ်ရီမေဆွဲဆိတ်တာကို ခံလိုက်ရပြီ။
YOU ARE READING
Falling In Love With My Bomb(U/Z)