(13) Race Start!!! (U)

618 53 19
                                    

"အား...မပြီးနိုင်သေးဘူးလားဟာ
အိပ်လည်းအိပ်ချင်လာပြီ။ ယျာကိုကို...အဟီး
သူငယ်ချင်း​လေး...နင် ကော်ဖီသွားဖျော်မလို့မလား။
ငါ့ကိုပါ တစ်ခွက်လောက် ဖျော်ခဲ့ပေးပါလား... နော်...နော်"

"ဟာ...မဖျော်ပေးနိုင်ပါဘူး။ ကိုယ့်ဟာကိုယ်တောင် ဘာမှမလုပ်ချင်၊မကိုင်ချင်အောင် သောက်ရမ်းပျင်းနေတာ။ သောက်ချင်...ကိုယ့်ဘာသာလိုက်ဖျော်"

"ချီးထုတ်ကောင်...ချီးထုတ်ယျာကိုကို
ကိုယ့်သူငယ်ချင်းအတွက် ကော်ဖီလေးတစ်ခွက်  ပိုဖျော်ပေးရမှာကျ မလုပ်ပေးချင်ဘူး။ ဘဲဘဲကိုကျ
ဟိုက မခိုင်းရသေးဘူး...လုပ်ပေးချင်နေတာတအား..."

ချယ်ရီမေက ပြောပြောဆိုဆိုနဲ့
စိုင်းအယ်ဘုန်းဘက်ကိုလည်း လှည့်ကြည့်လိုက်သေးတယ်။ အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့ အခြေအနေတစ်ခုကို ရည်ရွယ်ပြောနေမှန်းသိလိုက်တဲ့ ဇေယျာကိုကိုကလည်း ချယ်ရီမေ ပိုအမြင်ကတ်အောင် တဟီးဟီး ရယ်ပြနေတော့တယ်။

"နင်နဲ့သူ တူမလားလို့ မိချယ်ရီရယ်။
တန်းလိုက်ညှိမနေနဲ့။ နင် ငါ့ဆီကနေ အတန်းရှင်းမရနိုင်ပေမယ့် မြတ်ကိုကိုဆီကနေတော့ ရနိုင်တယ်။ နင့်မောင်မောင်လေးကိုပဲ သွားဖျော်ခိုင်းလိုက်"

"ဟဲ့......"

Meeting roomထဲမှာ
ချယ်ရီမေအသံကြီးက ပြဲထွက်လာတယ်။
လူတွေအားလုံး သူ့ကိုလှမ်းကြည့်လာတော့မှ ဇေယျာကိုကိုကို ရန်တွေ့နေတာရပ်လိုက်ပြီး ဇက်ကိုမသိမသာ ပုပြတယ်။ သူတို့နှစ်ယောက်က အဖွဲ့ထဲမှာဆို ရန်ခဏခဏဖြစ်နေကျ နှစ်ယောက်မို့ အကြာကြီးတော့ အာရုံစိုက်မခံလိုက်ရဘူး။

"နင်လုပ်တာနဲ့ အကုန်လုံး အနှောင့်အယှက်ဖြစ်ကုန်ပြီ"

"ငါဘာလုပ်လို့လဲ။ အသံပြဲနဲ့ အော်တာက နင်ပဲကို..."

"နင်လုပ်တာလေ။ ငါအော်ချင်အောင် နင်လုပ်လိုက်တာလေ။ မြတ်ကိုကိုက ဘာကိစ္စပါလာတာလဲ"

"အော်...ငါက ဒီလိုပဲ ရိုးရိုးသားသား အကြံပေးတာပါ။ ဟိုက နင်ခိုင်းတာဆို သိပ်လုပ်ပေးချင်နေတာလေ။ အဲ့ဒါကြောင့် သူ့ကိုခိုင်းပါလားလို့ ပြောတာ..."

Falling In Love With My Bomb(U/Z)Where stories live. Discover now