(8) Confusion (U)

607 58 9
                                    

​စိုင်းအယ်ဘုန်းရဲ့ကားပေါ်မှာ
လိုက်စီးရတဲ့တစ်လျှောက်လုံး
ဇေယျာကိုကိုတစ်ယောက် သူ့ရင်ခုန်သံကို လုံးဝထိန်းချုပ်မထားနိုင်ခဲ့ဘူး။ ရှေ့တည့်တည့်ကိုပဲ အာရုံစိုက်နေတဲ့ ဘေးတစောင်းမျက်နှာချောချောလေးကို ငေးလိုက်၊ စတီယာရင်ပေါ်က လက်ချောင်း သွယ်သွယ်လေးတွေကို ငေးလိုက်၊ တစ်ဖက်က သူငေးနေတာသိလို့ ဖျတ်ခနဲပြန်လှည့်ကြည့်တဲ့အခါကျ ခိုးကြည့်ခဲ့တာ သူ,မဟုတ်သလို ဟန်ဆောင်လိုက်နဲ့...
ကားထဲမှာ ဖွင့်ထားတဲ့ BOL4ရဲ့ သီချင်းသံ အေးအေးလေးကလည်း ဒီလို ရင်ခုန်စရာအခြေအနေလေးကို ခံစားချက်ပိုကောင်းအောင် ဖန်တီးပေးနေပြန်ရော။

တကူးတက နားမထောင်ဖြစ်ခဲ့ရင်တောင် 
ဟိုနား၊ဒီနားမှာ ကြားနေရတတ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ သူချစ်နေတဲ့ အမျိုးသားလေးအပေါ် အချစ်ကို ဖွင့်ဟဝန်ခံတဲ့ "Some"ဆိုတဲ့သီချင်းလေးက BOL4ရဲ့
သီချင်းတွေထဲကမှ ဇေယျာကိုကို အကြိုက်ဆုံး သီချင်းတစ်ပုဒ်လည်းဖြစ််တယ်။ နုသစ်ချိုမြခြင်းတွေ ပေါင်းစပ်ထားတဲ့ သီချင်းစာသားလေးတွေက နှလုံးသားကို ယားကျိကျိဖြစ်စေတဲ့အပြင် လက်ရှိဇေယျာကိုကိုရဲ့ အခြေအနေနဲ့လည်း ကိုက်ညီနေပြန်တာကိုး။

"ဒီနေ့ကစပြီး ငါ မင်းကိုအီစီကလီလုပ်တော့မှာ..."

ဟုတ်တယ်...သူ စိုင်းအယ်ဘုန်းကို
အီစီကလီလုပ်တော့မယ်။ Bombကလေးက သူ့ကိုတွန်းထုတ်ရင်တောင်မှ သူက အနားမှာ တွယ်ကပ်နေမယ့် တောက်တဲ့လေးတစ်ကောင်ပဲ
ဖြစ်ရမယ်။ အဲ့ဒီလိုအတွေးနဲ့ သူ တစ်လမ်းလုံး အူမြူးလာခဲ့ပြီး စိတ်အားတွေလည်း အဆမတန် တက်ကြွလာတယ်။ မြင်မြင်သမျှအရာအားလုံးက သူ့မျက်လုံးထဲမှာ ငေးချင်စရာ၊ ပြီးတော့ ကျေနပ်စရာ...။အထူးသဖြင့် သူ ခိုးခိုးငေးနေမိတဲ့ စိုင်းအယ်ဘုန်းကတော့ အားလုံးရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတယ်။

အဲ့ဒီအချိန်မှာပဲ ဇေယျာကိုကိုဟာ သူ့နှုတ်ခမ်းကို လျှာနဲ့ထပ်သပ်လိုက်မိတယ်။ နှစ်ကြိမ်စလုံး... နှစ်ကြိမ်စလုံးမှာ သူမူးနေခဲ့တာ အတော်ဆိုးတာပဲ။ မဟုတ်ရင် စိုင်းအယ်ဘုန်းနှုတ်ခမ်းလေးရဲ့နူးညံ့မှုကို တစ်ရာရာခိုင်နှုန်း ခံစားမိခဲ့မှာ၊ မှတ်မိနေခဲ့မှာမဟုတ်လား။

Falling In Love With My Bomb(U/Z)Where stories live. Discover now