(1)Pig King & Bomb(Unicode)

1.8K 135 0
                                    

မျှော့ကြိုးကို တင်းတင်းဆွဲ၊ ပစ်ရမယ့်နေရာကို သေချာချိန်၊စွမ်းဆောင်ရည်ကောင်းပေမယ့် လက်ထဲမှာ အချိန်ကြာကြာ ထားလို့မရတဲ့ Bombက နည်းနည်းလေးတော့ ကိုင်တွယ်ရခက်တယ်။

"ဝှီး......bam"

"အင်း...pig kingကို မထိပေမယ့် ကျေနပ်တယ် ဟားဟား"

ဇေယျာကိုကိုက အင်မတန်ကို ဂုဏ်ဆာသွားပုံနဲ့
မျက်မှန်ကိုပင့်တင်ပြီး မျက်ခုံးချီထားလိုက်တယ်။ သူ့မျက်နှာပေါ်မှာလည်း ရွဲ့စောင်းစောင်းအပြုံးတစ်စုံနဲ့
PC screenပေါ်က မြင်ကွင်းကိုလည်း အရသာခံပြီး ကြည့်နေတယ်။

ပြိုလဲကျနေတဲ့ သစ်သားချောင်းတွေ၊ မြေကြီးပေါ်
လိမ့်ထွက်သွားတဲ့ ဝက်စိမ်းလေးတွေနဲ့ မျှော်စင်ထိပ်ဖျားမှာ ကျန်ရစ်နေဆဲ ရွှေသရဖူဆောင်းထားတဲ့ ဝက်ဘုရင်။

ဒီလိုပဲပေါ့...သူတို့ရဲ့ခေါင်းဆောင်ကြီး Mr.Tioကလည်း ဒေါသသာကြီးတာ တကယ်တမ်းကျ Angry Birdsထဲက အနက်ရောင် ငှက်ကလေးလိုပဲ သူ့ရဲ့ပေါက်ကွဲမှုက အရာသိပ်မထင်ပါဘူး။

"ဟဲ့...ယျာကိုကို နင် အဲ့ဒါဘာလုပ်နေတာလဲ"

လန့်လိုက်တာ မိချယ်ရီရယ်...။ အလုပ်ထဲမှာမို့ နားအေးပါးအေး ရှိမလားမှတ်တယ် ဇေယျာကိုကိုမှာ ချယ်ရီမေရဲ့ အသံစူးစူးနဲ့ လွတ်ကိုမလွတ်။ ကျောကုန်းကိုပါ ခပ်ဆတ်ဆတ်ပုတ်လိုက်တဲ့ လက်​​ပြတ်ကြီးကြောင့် ကျေနပ်နေတဲ့ လိပ်ပြာငယ်လေးပါ ဘယ်ကိုပျံပြေးသွားမှန်း မသိတော့ဘူး။

လိပ်ပြာလေးရေ...ဖလူဖလူ။ ဇေယျာကိုကို အဲ့ဒီလိုမျိုး အားတင်းပြီးတော့မှ ချယ်ရီမေကို အေးအေးဆေးဆေးလေး ပြန်ဖြေပေးလိုက်တယ်။

"ဂိမ်းဆော့နေတာလေ"

"ဟယ်...ဒီလောက် အိုပါးတီအိုက ဒေါသူပုန်ထသွားတာကို
နင်က ဂိမ်းဆော့နိုင်သေးတယ်။ မမနှင်းလုပ်ခိုင်းထားတဲ့ ဒီဇိုင်းတွေရော ပြီးပြီလား။"

ထင်တယ်...၊ ထင်နေတယ်။ မိချယ်ရီတစ်ယောက်
ဆရာကြီး လုပ်တော့မယ်ဆိုတာ သူထင်နေတယ်။ မသိတဲ့သူတွေက ဇေယျာကိုကို,ကို အလုပ်ချိန်မှာ ဂိမ်းခိုးဆော့နေတယ် ထင်ကြအောင် ချယ်ရီမေလုပ်နေတာ။ အခုက အလုပ်ချိန် မဟုတ်တဲ့ coffee timeလေ။

Falling In Love With My Bomb(U/Z)Donde viven las historias. Descúbrelo ahora