(12)What's wrong with me?(Z)

173 8 0
                                    

"ဟဲ့...ဟဲ့ အယ်ဘုန်း နေပါဦး...
ဘာလို့ထွက်ပြေးနေတာလဲ"

စိုင်းအယ်ဘုန်းရဲ့ခြေလှမ်းတွေက
အစ်မဖြစ်သူဘေးကနေ မြန်မြန်ကြီး
ကျော်တက်သွားတယ်။ လူတစ်ယောက်လုံးကိုတောင် မမြင်သလိုဖြစ်နေမှတော့ အသံကိုကြားဖို့ဆိုတာလည်း ဝေးလာဝေး...။ အဲ့ဒီအချိန်မှာ သူ့မျက်လုံးထဲမြင်နေ၊ ကြားနေခဲ့တာက ဇေယျာကိုကိုရဲ့ ဗလာဟင်းလင်းခန္ဓာကိုယ်နဲ့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ခဲ့တဲ့ သူ့အသံ။ ရှက်ဖို့ကောင်းလွန်းလို့ သေတောင်သေလိုက်ချင်တယ်လို့ တွေးမိတဲ့အဆုံး သူ့ကိုယ်သူပဲ သေတ္တာလေးတစ်လုံးထဲ ထည့်ဖွက်သိမ်းထားချင်လိုက်တော့တယ်။

စိုင်းအယ်ဘုန်းလက်ချက်ကြောင့်
Group(1)ရုံးခန်းတံခါးကြီး ဂျိန်းခနဲပိတ်သွားချိန်မှာ သူ့မောင်နောက်ကနေ ခပ်သုတ်သုတ်လိုက်လာတဲ့ စောအယ်နှင်းတစ်ယောက်လည်း ဘုရားတမိတဲ့အထိ လန့်သွားရတယ်။ အသံကျယ်တစ်ခုကြားလိုက်ရလို့ အခန်းပြင်ကို အသီးသီးထွက်ကြည့်လာကြသူတွေရဲ့ အကြည့်စက်ကွင်းထဲမှာ သူတစ်ယောက်တည်း ထီးထီးကြီး ဖြစ်နေတော့ "ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူးနော်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါရှင်"လို့ မျက်နှာချိုသွေးခဲ့ပြီးတော့မှ သူလည်း ရုံးခန်းထဲ ပြေးဝင်လာရတော့တာပဲ။

သူဝင်လာတော့ စိုင်းအယ်ဘုန်းကို
တန်းမတွေ့ရဘူး။ ရုံးခန်းထဲမှာက အဖွဲ့သားတွေ အလုပ်လုပ်တဲ့နေရာအပြင် နားနေခန်းနဲ့ အစည်းအဝေးခန်းကလည်း သီးသန့်ထပ်ရှိနေတော့ နေရာတစ်ခုချင်းစီမှာ မောင်ဖြစ်သူကို လျှောက်ရှာရတယ်။ ပထမ အစည်းအဝေးခန်းမှာ ရှာတယ်။ အခုရက်ပိုင်းမှာ သူ့မောင့်ရဲ့စိတ်အခြေအနေက ပုံမှန်မဟုတ်တဲ့အတွက် ရှာမတွေ့တာမျိုး မဖြစ်ရအောင် ခုံအောက်တွေမှာပါ ငုံ့ရှာခဲ့တယ်။ ရှာကြည့်ပြီးတော့မှ သူ့ဟာသူလည်း သဘောကျပြီး ရယ်မိရင်းပေါ့။ အဲ့ဒီနောက်မှာမှ ဆံပင်တွေထဲ လက်ထိုးထည့်ဖွထားပြီး စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ မောင်ဖြစ်သူကို နားနေခန်းမှာ သွားတွေ့တယ်။

"Shit...ဘာလို့ အဲ့ဒါကို
မျက်လုံးထဲက ထုတ်မရတာလဲကွာ"

ပြောရင်းဆိုရင်း စားပွဲခုံကို အားနဲ့ထုချလိုက်ချိန်မှာ စောအယ်နှင်းဆီက ဘုရားတသံထွက်လာတယ်။ မောင်နှမနှစ်ယောက်က ကိုယ်စီလန့်ဖြန့်မှုတွေနဲ့အတူ တစ်ယောက်မျက်နှာတစ်ယောက် ကြောင်တောင်တောင် ငေးကြည့်နေမိကြတာ အကြာကြီးပဲ။

Falling In Love With My Bomb(U/Z)Where stories live. Discover now