(3) Confession (U)

992 94 3
                                    

"အား...ကျွတ် ကျွတ် ခေါင်းထဲက မူးနေလိုက်တာ"

အရက်သောက်လေ့သောက်ထမရှိတဲ့လူတွေ
ခံစားရတဲ့ ဝေဒနာတစ်မျိုးက သူနိုးလာလာချင်းမှာပဲ ဇေယျာကိုကို,ကို  အဘိုးကြီးအိုလေးတစ်ယောက်လို ညည်းညူသွားစေတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ သူများတွေ နောက်ပြောင်တင်တတ်ကြတဲ့ "ငါဘယ်သူလဲ။ ငါဘယ်မှာလဲ" ဆိုတဲ့ ဟာသတွေအတိုင်း အိပ်ရာနိုးကာစ ဇေယျာကိုကိုလည်း သူရောက်နေတဲ့နေရာက သူ့အခန်းထဲမှာလား၊ အလုပ်ထဲမှာလား၊ ဒါမှမဟုတ် အိပ်မက်ထဲမှာပဲ ရှိနေသေးတာလားဆိုတာကိုတောင် မသဲမကွဲဖြစ်နေခဲ့တယ်...။

နောက်တော့ စမတ်ဖုန်းတွေကို စွဲလမ်းနေကြတဲ့ ခေတ်လူငယ်ပီပီ မကြည်မလင်ဖြစ်နေတဲ့ ခေါင်းကို လက်ဖဝါးနဲ့ခပ်သာသာအုပ်၊ လျစ်လျူရှူလိုက်ပြီး meeting tableပေါ်က သုံးနှစ်နီးပါးသက်တမ်းရှိတဲ့ သူ့Samsungဖုန်းလေးကို ဆတ်ခနဲဆွဲယူလိုက်ပါတယ်။

ပုံမှန်ဆို သူ့ဖုန်းက ဖွင့်လိုက်တာနဲ့ သူ့ရဲ့
စိတ်ကူးထဲက ကောင်မလေးIUပုံပဲ တန်းပေါ်လာတာ...။ ဖုန်းခေါ်ထားတဲ့ လူလည်းမရှိ၊ မျက်စိလည်လမ်းမှားပြီး ဝင်လာတဲ့ စာတိုတွေဆိုလို့ MPT call centerကပို့တဲ့ ပက်ကေ့ချ်ထိုးရောင်းနေတဲ့ စာတွေပဲရှိတယ်။

ရည်းစားရှိတဲ့ သက်တူရွယ်တူတွေလိုမျိုး....

"ကိုကို နိုးပြီလား"

"အိပ်ပုတ်ကြီးရေ ထတော့လေ"

"မောနီး...ချစ်တယ်နော် အာဘွား..မွမွ " ဘာညာတွေ
ဘာတစ်ခုမှ မရှိဘူး။

အဲ့ဒီလို Morning message ပို့မယ့် ကောင်မလေးတစ်ယောက်မှ မရှိတာတောင်မှ နိုးနိုးချင်း ဖုန်းကောက်ကိုင်လို့ သူ့လိုနှစ်ချို့အက်ဖ်အေတစ်ယောက်ကို အိမ်က ဖေတို့၊မေတို့က ကောင်မလေးနဲ့ စောစောစီးစီး ကြူကြူအီနေတာလား၊ဘာလား စွပ်စွဲကြသေးတယ်။
သူ မကြိုက်ဆုံးကတော့ အီချင်းအီ​ သူအီတဲ့ကောင်မလေးက ချယ်ရီမေပဲ ဖြစ်ရမယ်လို့ ရာဇသံထုတ်ထားတာကိုပါပဲ။

"မိချယ်ရီလို သားများစွာတို့ရဲ့ မယ်တော်ကြီးနဲ့
အီမယ့်အစား ဇေယျာကိုကိုတို့ ဘုန်းကြီးပဲ ဝတ်လိုက်တော့မယ်"

Falling In Love With My Bomb(U/Z)Where stories live. Discover now