(20) New Version of Bomb (U)

1.4K 77 38
                                    

ဒါ...ပုံတုံးတာလား....

ပုံတုံးတယ်ဆိုတာ ဒီလိုမျိုးကိုပြောတာ သေချာလို့လား။

ဇေယျာကိုကိုတစ်ယောက် သူ့စိတ်ထဲမှာ အဲ့ဒီလို ရေရွတ်ရင်း စိုင်းအယ်ဘုန်းကို ခြေဆုံးခေါင်းဆုံး အပြန်ပြန်အလှန်လှန် ငေးကြည့်နေမိတယ်။ စိုင်းအယ်ဘုန်းဝတ်လာတာတွေက လည်ကတုံးနဲ့ပုဆိုး...။ အတိအကျကို လည်ကတုံးနဲ့ပုဆိုးဆိုပေမယ့်...ဇေယျာကိုကိုလို နှစ်ကျကျောင်းသားက ဆရာအယောင်ဆောင်ထားတဲ့ ဆိုက်ဂိုက်ပုံစံမပေါက်ဘဲ ယဉ်ကျေးတဲ့မိသားစု အသိုင်းအဝိုင်းမှာ ပေါက်ဖွားလာတဲ့ အမျိုးကောင်းသားလေးတစ်ယောက်ပုံစံပဲ လွှမ်းမိုးနေခဲ့တယ်။

အဲ့ဒါက အဝတ်အစားပုံစံချင်းတူပေမယ့် ဝတ်ထားတဲ့စတိုင်တွေက နည်းနည်းစီကွဲနေကြလို့လည်း ဖြစ်မယ်။ဇေယျာကိုကိုဝတ်ထားတာက အသားရောင်ရှပ်အင်္ကျီနဲ့ ပုဆိုးနီညိုကွက်စိပ်။ လက်ကောက်ဝတ်ထိ ရှည်လျားနေတဲ့ အင်္ကျီလက်တွေကို လုံးဝမခေါက်တင်ဘဲ လည်ပင်းက ကြယ်သီးတွေကိုပါ အလုံးစေ့တပ်ထားတဲ့ သမာရိုးကျဝတ်စားဆင်ယင်မှုဖြစ်ပြီး စိုင်းအယ်ဘုန်းကျတော့ အဖြူရောင်ရှပ်လက်ရှည်ကိုမှ လက်ခေါက်တင်ထားတဲ့အပြင် ရင်ဘတ်က အင်္ကျီကြယ်သီးနှစ်လုံးကိုပါ ထပ်ဖြုတ်ထားခဲ့သေးတယ်။ ရှူးဖိနပ်တွေပဲ စီးခဲ့တဲ့ ခြေထောက်လေးတွေကလည်း အနက်ရောင်စိုရွှန်းနေတဲ့ ကတ္တီပါဖိနပ်ကြောင့် မျက်စိကျိန်းလောက်အောင် ဖြူဖွေးသန့်စင်နေခဲ့တယ်။

"ကြည့်လို့ပြီးဦးမှာလား"

"ပုဆိုးကို ရာသက်ပန်စွန့်လွှတ်လိုက်ပြီထင်နေတာ"

သူတို့နှစ်ယောက်ဆီက ထွက်လာတဲ့ စကားတွေအချင်းချင်း မကိုက်ညီပေမယ့်လည်း စိုင်းအယ်ဘုန်းက သူ့ကိုယ်သူငုံ့ကြည့်ပြီး ပြုံးလိုက်ရင်းက ဇေယျာကိုကိုကို ပြန်မော့ကြည့်တယ်။

"ဟုတ်တယ်လေ...ရာသက်ပန်စွန့်လွှတ်လိုက်တော့မလို့ဘဲ boyfriendအားငယ်နေမှာစိုးလို့ ထုတ်ဝတ်လာတာ"

Boyfriendဆိုတဲ့ အသုံးအနှုန်းကြောင့် ဇေယျာကိုကိုတစ်ယောက် တော်တော်လေးကို အူမြူးသွားခဲ့ရတယ်။ အပြင်မှာ အကြာကြီးရပ်နေရင် ရပ်ကွက်ထဲက ပါပါရာဇီတွေရန်ကို ကြောက်ရလို့ ကားထဲမှာပဲ စကားဆက်ပြောကြတယ်။

Falling In Love With My Bomb(U/Z)Donde viven las historias. Descúbrelo ahora