(2)Unlucky day (Unicode)

970 102 11
                                    

Client companyက သိပ်မဝေးပေမယ့်
ကုမ္ပဏီတာဝန်ရှိသူတွေက စေတနာကောင်းပြီး သူတို့ထုတ်ကုန်ပစ္စည်းတွေကစလို့ စက်ရုံလည်ပတ်ပုံအထိ ပြပေးတဲ့အပြင် ညနေစာပါ တာဝန်ယူပေးလိုက်တော့ အချိန်က မကြာသင့်ဘဲ ပိုကြာသွားတယ်။ ဂျမ်(မ်)ကို ပြန်ရောက်တော့ပဲ ငါးနာရီထိုးပြီးနေပြီ။ အလုပ်ချိန်က ငါးနာရီခွဲထိ...။

အလုပ်မပြီးသေးလို့ စူပုတ်နေတဲ့ ဇေယျာကိုကိုရဲ့
မျက်နှာက အခုဆိုရင် ဇီးသီးလောက်ပဲ ရှိတော့မယ်ထင်တယ်။ နဂိုကတည်းကမှ မျက်မှန်အောက်မှာ ပျောက်နေတတ်တဲ့ မျက်လုံးကျဥ်းကျဥ်းလေးတွေကလည်း ပင်ပန်းလွန်းလို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီ။ ဆယ်ထပ်ကိုရောက်မယ့် ဓာတ်လှေကားကြာချိန်က အလွန်ဆုံးရှိမှ ငါးမိနစ်ပေါ့။ ဒါပေမယ့် အဲ့ဒီငါးမိနစ်ကိုပဲ သူ့မှာစိတ်မရှည်ဖြစ်နေရတယ်။

ခေါင်းဆောင်ကြီးက ပြောထားခဲ့တယ်မလား။
အလုပ်မပြီးရင် အိမ်မပြန်နဲ့တဲ့။ အဲ့စကားက နောက်နေတာဆိုရင် သိပ်ကောင်းမယ်လို့ တွေးမိရုံရှိသေး... ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံကာလာ မိုက်မိုက်လေးက ဓာတ်လှေကားထဲမှာ ဟိန်းခနဲထွက်လာတယ်။ သူပြောလိုက်တာက ပုံမှန်​အသံနဲ့ပဲဆိုပေမယ့် ဇေယျာကိုကိုရဲ့ နားထဲမှာတော့ သုံးလေးဆမက ကျယ်လောင်နေတယ်။

"Deadlineအမှီပြီးရမယ့် အလုပ်တွေကို အိမ်ထိသယ်သွားတာမျိုး ကျွန်တော်မကြိုက်ဘူး။ မပြီးသေးတဲ့သူရှိရင် ဒီမှာတင် တစ်ခါတည်း အပြီးလုပ်သွားကြပါ။ ညအိပ်ဖို့အထိ တောင်းဆိုရင်လည်း ခွင့်ပြုတယ်။" တဲ့...။

What the fuck!!! ဇေယျာကိုကိုရဲ့မျက်လုံးထဲ
ကွန်ပြူတာကို ပစ်ပေါက်လိုက်တဲ့ memesတစ်ခု ပြေးမြင်လာတယ်။ ဒါ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောသလဲဆိုတာ မသိရလောက်တဲ့အထိ ဇေယျာကိုကိုတို့ မတုံးပါဘူး။ ပြီးတော့ သူ့လိုပဲ ပါးနပ်တဲ့ ချယ်ရီမေကလည်း အဲ့ဒီစကားကို ကြားကတည်းက ဇေယျာကိုကို,ကို လှမ်းကြည့်ပြီး ပြောင်ပြနေတယ်။ အစ်မ စောအယ်နှင်းနဲ့ မြတ်ကိုကိုကသာ Pestioကို တအံ့တဩငေးလို့ တစ်ခုခုပြောမယ်ဟန်ပြင်ပြီးမှ ဓာတ်လှေကားပွင့်လာတော့ သူတို့လည်း မပြောဖြစ်ကြတော့ဘူး။

Falling In Love With My Bomb(U/Z)Where stories live. Discover now