(19) Heartbeat (U)

704 58 8
                                    

ဝမ်းသာတယ်....။

လူမိတာ၊ မမိတာအသာထား...။

အခုလိုအချိန်မှာ စိုင်းအယ်ဘုန်းဆီကနေ တွန်းထုတ်မခံလိုက်ရတာကိုဘဲ ဇေယျာကိုကိုတစ်ယောက်
အကြီးအကျယ် ဝမ်းသာနေမိတယ်။ ပြီးတော့ သူဆက်ပြီးဟန်ဆောင်နေစရာ မလိုတော့ဘူးဆိုတာကို တွေးမိသွားလို့ရော သူ့စိတ်က ပေါ့ပါးသွားတယ်။ ချယ်ရီမေရဲ့ အဆူအဆဲကို ခံသင့်သလောက်ခံပြီးသွားရင် ကြွားစရာရှိတာကိုလည်း လွတ်လွတ်လပ်လပ် ကြွားလို့ရပြီပေါ့ဆိုတဲ့ အတွေးကြောင့် လန့်ဖြန့်သွားတဲ့ နှလုံးသားလေးက ဖြည်းဖြည်းချင်း ပြန်ငြိမ်သက်လာတယ်။

ဒါပေမယ့် "လန့်သွားတယ်၊ အကြီးအကျယ်တုန်လှုပ်သွားတယ်"ဆိုတဲ့ အနေအထားမှာပဲ သူ့မျက်နှာအမူအရာကို ထိန်းထားလိုက်ပြီး အစ်မစောအယ်နှင်းနဲ့ ချယ်ရီမေတို့ကို သနားစရာမျက်နှာလေးနဲ့ ငေးကြည့်ပေးနေလိုက်တယ်။ အဲ့ဒီလိုအမူအရာက တခြားသူတွေဆီမှာထက် စိုင်းအယ်ဘုန်းဆီမှာ ပိုပြီးသွားသက်‌ရောက်တယ်။ ဘုန်းကလေးက သူ့ကိုသနားသွားပြီး ပခုံးစွန်းကိုပါ ဖွဖွလေး ဆုပ်ကိုင်ပွေ့ဖက်ပေးလာတယ်လေ။

"ငါတို့...."

"ပြောလိုက်ကြတာပေါ့။ နောက်လည်းသိရမယ့်အတူတူ...."

"မင်းအစ်မက အဆင်ပြေပါ့မလား"

"ပြေတာ၊မပြေတာ သူ့အကြောင်း...။ အခုလောလောဆယ် မင်းအဆင်ပြေဖို့ ပိုအရေးကြီးတယ်။ ဘယ်သူ့ကိုမှ မပြောဖို့တောင်းဆိုထားမိလို့ ငါတောင်းပန်ပါတယ်နော် ဇေကို"

ဟတ်ထိသွားတယ်ဆိုတဲ့ ခံစားချက်ကို သူကောင်းကောင်းကြီး နားလည်သွားခဲ့ရတယ်။ သူများတွေပြောပြောနေတဲ့ နှလုံးသားထဲမှာ လိပ်ပြာလေးတွေ ပျံဝဲသွားရတယ်ဆိုတဲ့ ခံစားချက်ကိုရောပဲ။ စိုင်းအယ်ဘုန်းက သူ့ကိုအဲ့ဒီလိုပြောပြီးတာနဲ့ အစ်မစောအယ်နှင်းဆီ တည့်တည့်ပြန်စိုက်ကြည့်ပြီး "ကျွန်တော် ဇေယျာကိုကိုနဲ့ တွဲနေတာမမ"လို့ တုံ့ဆိုင်းခြင်းမရှိ ပြောချပစ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ချယ်ရီမေရဲ့မျက်လုံးတွေလည်း လက်ခနဲ ဖြစ်သွားကြတယ်။ အစ်မစောအယ်နှင်းကတော့ ဘာပြောရမှန်းမသိသလို ကြောင်အအလေးဖြစ်နေရင်းကနေ ခဏကြာတော့ ဇေယျာကိုကိုတို့ကို ပြုံးပြလာတယ်။

Falling In Love With My Bomb(U/Z)Where stories live. Discover now