Junior graphic designerအဖြစ်
ပထမဆုံး ရုံးတက်ရမယ့် နေ့တစ်နေ့...။နာရီဝက်တိတိ ဘက်စ်ကားစောင့်ပြီးတဲ့အဆုံး
ရှားရှားပါးပါး လူချောင်တဲ့တစ်စီး ရောက်လာလို့ တက်မယ်ကြံရုံရှိသေး သူ့ကိုခေါင်းကြိမ်းစေတဲ့
အသံစူးစူးလေးကြောင့် ဇေယျာကိုကိုရဲ့ ခြေလှမ်းတွေ ပျက်သွားရတယ်။"ယျာကိုကို"
"ယျာကိုကို"
"ဟဲ့...ယျာကိုကို ငါ့ကိုစောင့်ပါဦးလို့"
မယ်မင်းကြီးမက ကျောင်းတုန်းက အကျင့်တွေ
မပျောက်သေးဘူး။ မိန်းကလေးတန်မဲ့ ဖရိုဖရဲနဲ့လို့
ဆိုရအောင်လည်း "ချယ်ရီမေ"ဆိုတာက ယောက်ျားတစ်ပိုင်း မိန်းမရိုင်း။ ပြီးတော့ ချစ်စရာကောင်းတဲ့ ရုပ်ကလေးနဲ့
မလိုက်မဖက် သူ့ကိုယ်သူ တစ်လောကလုံးက နုဖတ်ပျော့ပျောင်းတဲ့ ယောက်ျားသားတွေအားလုံးရဲ့ အမေအဖြစ်ပါ ခံယူထားသေးတာ...။ ဒါ့အပြင် ယောက်ျားမရှိတဲ့ အပျိုမလေးက သူ့ရဲ့ဝမ်းမနာသားတွေကို မိဘဝတ်အတိုင်း ယောက်ျားပေးစားဖို့ အချိန်ရှိသရွေ့ လုံးပမ်းနေတဲ့အထဲ ဇေယျာကိုကိုတို့က ထိပ်ဆုံးစာရင်းမှာ
မိန့်မိန့်ကြီး။တက္ကသိုလ်ပထမနှစ်ကစပြီး သိကျွမ်းလာတဲ့
တစ်မြို့တည်းနေ သူငယ်ချင်းမလေးဖြစ်လို့ ဇေယျာကိုကိုမှာ ချယ်ရီမေကို ရွေးချယ်စရာမရှိ ပေါင်းနေရပေမယ့် စိတ်ကုန်နေပြီ။ စိတ်ကုန်တယ်ဆိုတာက ချယ်ရီမေရဲ့ "ယျာကိုကို လင်ရရှိရေး ဒို့အရေး" လုပ်နေတဲ့ ပေါက်တတ်ကရအတွေးတွေကြောင့်ပဲ။ ဒီအကြောင်းကို ဇေယျာကိုကိုနဲ့ ချယ်ရီမေတို့ကို နေရာချထားဖို့ လုပ်နေတဲ့ နှစ်ဖက်မိဘတွေကတော့ မသိရှာဘူး။ငါတို့သားနဲ့ ငါတို့သမီးလေး တက္ကသိုလ်တက်တော့လည်း
အတူတူ၊ ဘွဲ့ရပြီး ဝေလေလေဖြစ်တော့လည်း အတူတူ၊ နောက်တော့ ဘာစိတ်ကူးရမှန်းမသိ ရထားတဲ့ စီးပွားရေးဘွဲ့နဲ့ ဟိုဘက်ကမ်း၊ဒီဘက်ကမ်းလို ဖြစ်နေတဲ့ ဒီဇိုင်းလောကထဲ ခြေစုံပစ်ဝင်မယ် ဆိုတော့လည်း အတူတူဆိုပြီး ကြံဖန်ကျေနပ်နေကြသေးတာ....။တက္ကသိုလ်ကျောင်းတွေက လေးနှစ်အချိန်စေ့လို့ ခါထုတ်လိုက်တဲ့အချိန်၊ ကိုယ်နဲ့ ကိုက်ညီတဲ့နေရာလေးတစ်ခု ရဖို့အရေး ဘောလုံးလေးတွေလို ဟိုလှိမ့်ဒီလှိမ့်နဲ့ နှစ်နှစ်နီးနီး တစ်ရာ့ကိုး တစ်ရာ့ဆယ်ဘဝမှာ ကျင်လည်ရင်း လုပ်ချင်တာ
ရှာတွေ့ခဲ့ပေမယ့် ချယ်ရီမေကြောင့် စိတ်အေးလက်အေး မရှိခဲ့ရဘူး။
YOU ARE READING
Falling In Love With My Bomb(U/Z)