(9) မေ့လျော့ခဲ့သော မှတ်ဥာဏ်များ(၁)

608 60 14
                                    

"ဇေယျာ...မြတ်ကိုနဲ့ ချယ်ရီ...
Meeting roomထဲကို ခဏလာခဲ့ကြဦး ညီမတို့"

ပြောပြော၊ပျောက်ပျောက်ဖြစ်သွားတဲ့ စောအယ်နှင်းနောက်ကို သူတို့သုံးယောက်လိုက်သွားတော့ Meeting tableပေါ်မှာ ဖိုင်ချပ်တွေ နေရာချနေတာနဲ့ တိုးတယ်။ သူတို့လည်းဝင်သွားရော အစ်မစောအယ်နှင်းက တစ်ယောက်ချင်းစီကို ဖောဖောသီသီ ပြုံးပြပြီး ကိုယ့်နေရာကိုယ် ဝင်ထိုင်ဖို့ညွှန်တယ်။ အကုန်လုံး ထိုင်ပြီးသွားတော့မှ စားပွဲပေါ်မှာရှိနေတဲ့ ဖိုင်ကိုဖွင့်ကြည့်ဖို့ ဆက်ပြောတယ်။

နေရာမှာချထားပေးတဲ့ ဖိုင်တွေကို တစ်ချိန်တည်းမှာ ဖွင့်ကြည့်လိုက်ကြတာမှန်ပေမယ့် နည်းနည်းလေး လက်ပိုသွက်သွားတဲ့ ချယ်ရီမေဆီက အာမေဋိတ်သံ အရင်ဆုံးထွက်လာတယ်။

"အိုးမိုင်ဂေါ့..."

အဲ့ဒီနောက်မှာ Meeting roomထဲ...
ကျန်တဲ့လူတွေရဲ့ စကားပြောသံတွေပါ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြပါတယ်။

"ကျွန်တော်တို့ တကယ်ကြီး...
အမြဲတမ်းဝန်ထမ်းတွေ ဖြစ်သွားပြီလား အစ်မ"

"ဟုတ်ပ ဟုတ်ပ...ဒီနေ့ကစပြီး ဖြစ်သွားပြီ။
သုံးယောက်လုံး ပိုကြိုးစားကြရမယ်နော်"

စကားပြောတိုင်း အမြဲတမ်း မြင်ရတတ်တဲ့ အစ်မစောအယ်နှင်းရဲ့အပြုံးလေးက ဘယ်အချိန်ဖြစ်ဖြစ် လှပတောက်လဲ့နေတာပါပဲ။ ဒီလောက် ရှေ့မှာ JEMရဲ့ အမြဲတမ်းဝန်ထမ်းဖြစ်ကြောင်း စာချုပ်ကြီး မြင်နေရတာတောင်မှ သေချာအောင် ထပ်မေးနေသေးတဲ့ မြတ်ကိုကို,ကို အားလုံးက အပြစ်မမြင်ဘဲ ပြုံးပြီး ကြည့်နေကြတယ်။ ဘာကြောင့်လဲဆိုတော့... အလုပ်သင်ဝင်ရတာတောင် ခက်လွန်းတဲ့
ထိပ်တန်းကုမ္ပဏီကြီးမှာ အမြဲတမ်းဝန်ထမ်းဖြစ်လာတာကိုက သူတို့အားလုံးအတွက် မဟာကံထူးခွင့်ကြီးလို ဖြစ်နေတာကြောင့်ပဲ။

အင်း...ဇေယျာကိုကိုအတွက်ကတော့
ချယ်ရီမေနဲ့ သိကျွမ်းခဲ့ရတဲ့ကာလတစ်လျှောက် ဒီတစ်ခါအတန်ဆုံးလို့ ပြောရမယ့်သဘောမျိုးပဲပေါ့။ ဒီလိုပြောလို့...သူတို့ဟာ အရည်အချင်းမရှိတဲ့သူတွေလို့တော့ မဆိုနိုင်ဘူး။ JEMမှာ အလုပ်သင်ဖြစ်​ခွင့်ရဖို့ ချယ်ရီမေဦးလေးအကပ်နဲ့ ဝင်ခဲ့ရတယ်ဆိုပေမယ့်လည်း အမြဲတမ်းဝန်ထမ်း ဖြစ်ဖို့ကတော့ သူတို့ကို ဒီသုံးလလုံးလုံး
စောင့်ကြည့်နေကြတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ စီနီယာတစ်ယောက်ရဲ့ ထောက်ခံချက်ကလည်း လိုသေးတာကိုး။ ဒီတော့ သူတို့သုံးယောက် အခုလို စာချုပ်ဝန်ထမ်းတွေဖြစ်သွားခဲ့တာက သူတို့ကိုယ်တိုင်ကလည်း အရည်အချင်း ပြည့်ဝမှုရှိလို့ဆိုတာကတော့ သံသယဖြစ်ဖွယ်မရှိဘူး။

Falling In Love With My Bomb(U/Z)Where stories live. Discover now