(16) First step of Our Love journey (U)

629 61 15
                                    

ဖြစ်ခဲ့တာတွေကို မယုံကြည်နိုင်လွန်းလို့ ဇေယျာကိုကိုတစ်ယောက် သူ့နှုတ်ခမ်းသူ အကြိမ်ကြိမ် စမ်းကြည့်နေမိတော့တယ်။ စိုင်းအယ်ဘုန်းက သူ့ကိုနမ်းလိုက်တယ်ဆိုတာ အိပ်မက်တစ်ခုလိုပဲ။ နောက်ဘဝမှာသေပြီး ပြန်ဝင်စားလာမယ်ဆိုရင်တောင် စိုင်းအယ်ဘုန်းက သူ့ကို အရင်နမ်းဖို့ မဖြစ်နိုင်တော့ဘူးလို့ဘဲ သူထင်ထားခဲ့တာ....။ ဒါပေမယ့် အခုတော့... သေပြီးပြန်ဝင်စားစရာတောင် မလိုလိုက်ဘဲ စိုင်းအယ်ဘုန်းဆီက အနမ်းကို အရှင်လတ်လတ်ကြီး ရလိုက်တာတဲ့။ အဲ့ဒါကလည်း အိပ်မက်ထဲမှာ ရခဲ့တာမဟုတ်ဘဲ အပြင်မှာ တကယ်ရခဲ့တာတဲ့...။

"စိတ်လွတ်သွားပြီလား ဇေယျာကိုကို။ ငုတ်တုတ်မေ့သွားတာလား"

"အင်း....နောက်တစ်ခေါက်လောက် ပြန်နမ်းကြည့်ပါလား"

"လက်သီးပဲ ရတော့မယ်"

စိုင်းအယ်ဘုန်းထောင်ပြတဲ့ လက်သီးကို ဇေယျာကိုကိုက ချက်ချင်းပဲ သူ့ဘက်ဆွဲယူလိုက်တယ်။ ပြီးတော့ လက်သီးထိပ်ကို ပြွတ်ခနဲအသံမြည်အောင် နမ်းပြပြီးတော့ အဲ့ဒီလက်သီးကို သူရင်ဘတ်မှာ ပိုက်ထားပြီး တဟီးဟီး ရယ်နေတော့တယ်။ အစော‌လေးကတင် ဆွဲထိုးချင်တယ်ဘာညာဖြစ်နေတဲ့သူက အခုတော့ ကလေးတစ်ယောက်လိုပဲ။ ရွယ်တူတွေဖြစ်ကြပေမယ့် သူ့ထက် မရင့်ကျက်ပုံပေါ်တဲ့ ဇေယျာကိုကိုကိုကြည့်ပြီး စိုင်းအယ်ဘုန်းလည်း လိုက်ရယ်ရုံကလွဲပြီး မတတ်နိုင်တော့ဘူး။ ဇေယျာကိုကိုရဲ့ ခေါင်းအစ၊ခြေအဆုံး အရာအားလုံးကို သူမနှစ်သက်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ဇေယျာကိုကိုရဲ့ အပြုအမူတွေကို ချစ်စရာကောင်းတယ်လို့ တွေးမိတယ်။

"ဘယ်တော့မှ ပြီးမှာလဲ အဲ့တဟီးဟီးက..."

"ငါလည်းမသိဘူး"

"သူများတွေ ဝင်လာတဲ့အထိ ဟီးနေသေးရင် မင်းနဲ့ငါတွေ့ပြီ"

ဘယ်မှာတွေ့မှာလဲ...အိပ်ရာထဲမှာလားလို့ မေးလိုက်ချင်ပေမယ့် ချက်ချင်းကြီးတော့ မမေးချင်သေးလို့ မမေးလိုက်ရဘူး။ တော်ကြာနေ စိုင်းအယ်ဘုန်းက အရှက်သည်းပြီး ပေးထားတဲ့အဖြေလေး ပြန်ရုတ်သိမ်းသွားရင် ခက်မယ်မဟုတ်လား။ အခုလည်း သူ‌ဒေါသထွက်ပြလိုက်လို့သာ ခံစားချက်တွေက ပွင့်အံထွက်လာခဲ့တာ။ မဟုတ်ရင် ပြိုင်ပွဲကို
အကြောင်းပြပြီး အချိန်ဆွဲနေတာနဲ့တော့ သူသာ ဆရာဝန်ကို အဖေခေါ်လိုက်ရမယ် ကြားချင်တဲ့အဖြေလေး ရဖို့ကတော့ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေဦးမှာပဲ။

Falling In Love With My Bomb(U/Z)Where stories live. Discover now