(6) Second Kiss (U)

696 72 12
                                    

"တော်​ပြီ...တော်ပြီ...နောက်တစ်ခါဆို
ဘယ်လောက်အသည်းကွဲကွဲ အရက်လုံးဝမသောက်တော့ဘူး"

"ပြောပြန်ပြီ"

"တကယ်ပါဆို...နင် မယုံလည်းနေ"

"ဟားဟား...မယုံရေးချ မယုံဘူးဟေ့။ ငါကတော့
နင် နေ့တိုင်း အရက်သောက်နေပါစေ ဆုတောင်းတယ်။ အဲ့ဒါမှ ငါလည်း တက္ကစီလေးနဲ့ နေ့တိုင်း ရုံးသွားရမှာ..."

"အဲ့ဒါဆို ငါက နင် တက္ကစီနဲ့ ရုံးသွားရဖို့အရေး
နေ့တိုင်း အသည်းကွဲပေးနေရမယ်ပေါ့"

"အေးပေါ့....ဟားဟား
ဆောရီး ဆောရီး...နည်းနည်းပြန်လျှော့ပေးမယ်။ ​နေ့တိုင်းမကွဲနဲ့ တစ်ပတ်တစ်ခါလောက်ပဲကွဲ..."

"မိချယ်ရီ!!!"

ခေါင်းနောက်နေလို့ စိတ်မကြည်
ဖြစ်ရတဲ့အထဲ ချယ်ရီမေက တစ်လမ်းလုံး မျက်နှာပြောင်လာတာ အိမ်ကထွက်လာကတည်းကနေ ရုံးရောက်တဲ့အထိပဲ။ မနေ့တုန်းက သူ ဘယ်လောက်တောင် အရှိန်လွန်သွားမိသလဲဆိုတော့ အခုအချိန်အထိ ကာရာအိုကေဆိုင်ကနေ အိမ်ကို ဘယ်လိုပြန်ရောက်လာခဲ့မှန်းတောင် စဥ်းစားလို့မရဘူး။ ဇေယျာကိုကိုက မူးနေတဲ့အချိန် ဖြစ်ခဲ့သမျှ အကြောင်းအရာတွေကို မမှတ်မိတတ်တဲ့ အမူးသမားမျိုး မဟုတ်ပေမယ့်လည်း ခေါင်းမကြည်သေးတဲ့အချိန်ဆို သူ့ခေါင်းထဲမှာ ပုံရိပ်တွေက ရောနေတတ်တယ်။

ချယ်ရီမေနဲ့ ​မြတ်ကိုကိုတို့ သီချင်းဆိုနေတာကို
သူထိုင်ကြည့်တယ်။ အစ်မစောအယ်နှင်းဆီက အရက်ခွက်ငှဲ့ပေးတာကို လက်ခံတယ်။ ပြီးတော့...
သူ စိုင်းအယ်ဘုန်းအနားကိုပါ သွားမိတယ်ထင်တယ်။ "ဇေကို...သတိထားစမ်း"ဆိုတဲ့ အသံရှရှလေးကိုလည်း သူ့နားထဲမှာ ထပ်ခါထပ်ခါ ကြားနေရတယ်။ "ညတုန်းက သူဘယ်လိုပြန်ရောက်လာလဲ" ဆိုတဲ့အကြောင်းကို အမေ့ကိုမေးတော့ အဖေ့ဆီကနေ ထိပ်ခေါက်ခံလိုက်ရလို့ ထပ်မမေးရဲတော့ဘူး။ ရုံးသွားဖို့ ချယ်ရီမေလာခေါ်တော့မှပဲ ညက သူ့နဲ့ချယ်ရီမေကို ခေါင်းဆောင်ကြီးက အိမ်အထိ လိုက်ပို့တာမှန်း သိရတယ်။

"မိချယ်...ငါ့ကိုထပ်ပြောပြစမ်းပါ။
ညတုန်းက ငါတို့နှစ်ယောက်ကို စိုင်းအယ်ဘုန်း လိုက်ပို့တာလား"

Falling In Love With My Bomb(U/Z)Where stories live. Discover now