(10) မေ့လျော့ခဲ့သော မှတ်ဥာဏ်များ(၂)

683 69 12
                                    

"ဟိုကလည်း မင်းကို မှတ်မိတယ်ထင်တယ်နော်။ သေချာကြည့်နေတယ်"

ဇေယျာကိုကို ခေါင်းကြိမ်းသထက် ကြိမ်းလာတယ်။ စိုင်းအယ်ဘုန်းက အဲ့ဒီရှမ်းကလေးဆိုတာ ဘယ်လို​လုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒါပေမယ့် သူ့စိတ်က ဘယ်လိုငြင်းဆန်နေနေ အမှန်တရားကတော့ လုံးဝ ပြောင်းလဲသွားမှာမဟုတ်ဘူး။
JEMကို ရောက်စတုန်းက စိုင်းအယ်ဘုန်းကိုတွေ့တာတောင် ဘယ်သူနဲ့တူတယ်ရယ်လို့ စိတ်ထဲမှာ သံသယမရှိခဲ့ပေမယ့် အခု စိုင်းအယ်ဘုန်းက ရှမ်းကလေးပဲဆိုတာ သိလိုက်ပြီးနောက်ပိုင်း ဒီမျက်နှာလေးကို
သူမြင်ဖူးခဲ့တယ်လို့ တစ်စထက်တစ်စ ခံစားမိလာတယ်။
ဘေးက ကောင်တွေကတော့ ဇေယျာကိုကို ဘာဖြစ်နေမှန်းမသိဘဲ ရှမ်းကလေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ အားရပါးရ ပြန်ပြောနေကြတယ်။

"ဒီကောင် ငယ်ငယ်တုန်းကတော့
တကယ့်ဝက်ကလေးနော်။ အခုများ မော်ဒယ်ကျနေတာပဲ"

"အေးလေကွာ...ဇေယျာကိုကို သူ့ကို ပုဆိုးဆွဲချွတ်တဲ့အချိန်ကျရင် ငိုလိုက်တာမှ
ပြဲလန်နေရော"

"အဲ့တုန်းကတော့ ကလေးမို့ထင်တယ်နော်
အခုလို အကြောတင်းပုံစံမျိုး မဟုတ်တာ"

"အေးလေ ကလေးမို့ ခံတာပေါ့ဟ...ဟေ့
ဇေယျာကိုကို ငြိမ်လှချည်လား။ ဘာလဲ...
ပြန်တွေ့တော့ လက်စားချေခံရမှာ ကြောက်သွားလို့လား။ ပုဆိုးသတိထားဦးနော်....တော်ကြာနေ ဆွဲချွတ်ခံနေရမယ်"

"တော်ပါတော့ကွာ စိတ်ညစ်ရတဲ့ကြားထဲ မင်းတို့ကတစ်မျိုး..."

သူ ညည်းပြလိုက်တော့ စကားသံတွေက
ဖြည်းဖြည်းချင်း ရပ်တန့်သွားကြတယ်။
လက်စားချေခံရမှာ စိုးရိမ်လို့ ငြိမ်သွားမိတယ်ဆိုတာထက် အတိတ်မှာ သူလုပ်ခဲ့တာတွေက စိုင်းအယ်ဘုန်းဆီမှာ မျက်နှာသာမရနိုင်တဲ့ စနောက်မှုမျိုးဖြစ်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် နောင်တ​ရနေတာက ပိုပါတယ်။ ဘယ်လိုလုပ်ပြီး သူနဲ့ စိုင်းအယ်ဘုန်းကြားမှာ အခုလိုဆက်နွယ်မှုမျိုးနဲ့ မျက်နှာပူစရာ အတိတ်တွေ ရှိနေခဲ့ရသလဲ။ အမှန်တော့ သူ ကိုယ်တိုင်လည်း အဲ့ဒီအချိန်တုန်းကဆို စိုင်းအယ်ဘုန်းလိုမျိုး ကလေးချင်းအနိုင်ကျင့်ခံရသူတစ်ဦး ဖြစ်ခဲ့တာပါပဲလေ။

Falling In Love With My Bomb(U/Z)Où les histoires vivent. Découvrez maintenant