(7) ပိုးပန်းရန် ပထမခြေလှမ်း

831 74 7
                                    

ဇေယျာကိုကို ဘယ်လိုပဲစဥ်းစားစဥ်းစား
စိုင်းအယ်ဘုန်းက မျက်နှာပြောင်တိုက်လွန်းတယ်လို့ သူထင်နေတယ်။ ဘယ်ရှူထောင့်ကကြည့်ကြည့် ကြည့်လိုက်တာနဲ့ ထင်ထင်ရှားရှားဖြစ်နေတဲ့ နီညိုညို အမှတ်အသားရာကို နည်းနည်းလေးမှ မဖုံးဖိဘဲ လူမြင်ကွင်းမှာ ထင်ထင်ရှားရှား ပြသထားတာက စိတ္တဇဆန်တာမျိုးမဟုတ်လို့ ဘာလဲ...။

ပထမဆုံးအကြိမ်တုန်းကရော၊ အခု
ဒုတိယအကြိမ်မှာရော ပြောင်ပြောင်တင်းတင်း
ထင်ပေါ်နေတဲ့ လည်ပင်းသားဖြူဖြူကိုကြည့်ပြီး ရှက်ရွံ့သွားရတာက စိုင်းအယ်ဘုန်းမဟုတ်ဘဲ သူပဲ ဖြစ်ဖြစ်နေတယ်။ အဲ့ဒီအချိန်ကစပြီး တစ်နေရာရာမှာ ဖတ်ဖူးခဲ့တဲ့ စာသားတချို့​လည်း ဇေယျာကိုကိုရဲ့ခေါင်းထဲ ဝင်လာခဲ့တယ်။ 

"အနိုင်ကျင့်ခံရတဲ့သူက ရှက်ရမှာမဟုတ်ဘူး။ အနိုင်ကျင့်တဲ့သူကသာ ရှက်ရမှာ"တဲ့။

တချို့လူတွေဆီမှာ နောင်တတရားတွေ
တကယ် ရှိ၊မရှိမသိပေမယ့် ဇေယျာကိုကိုကတော့ အဲ့ဒီစာသားတွေကို တွေးမိတာနဲ့ချက်ချင်း သူ့ဆံပင်တွေကို ရှုပ်သထက်ရှုပ်အောင် ဆွဲဖွပစ်မိတော့တယ်။ စိုင်းအယ်ဘုန်းရဲ့ လည်ပင်းမှာ အရာထင်အောင် လုပ်လိုက်တာက "သူ"ဆိုတာကို ဘယ်သူမှ မသိတာတောင် သူကိုယ်တိုင်ကတော့ သိနေလို့ ပတ်ဝန်းကျင်ကလူတွေ စိုင်းအယ်ဘုန်းရဲ့လည်ပင်းကို အာရုံစိုက်သွားကြတိုင်း သူ့မျက်နှာကို ဘယ်လိုထားရမှန်းမသိတော့ဘူး။

တစ်ယောက်ယောက်က
"တီအို...ခင်ဗျားလည်ပင်းမှာ..."လို့  သတိပေးလာတဲ့အချိန်မျိုးကျရင် အဲ့ဒီအမျိုးသားက မထီမဲ့မြင်အပြုံးတွေနဲ့များ သူ့ဘက်ကို လှမ်းကြည့်လာလေမလား။

ဒါမှမဟုတ်...

"ဟုတ်တယ် တရားခံက သူ..."ဆိုပြီး
ဇေယျာကိုကို,ကို လက်ညှိုးထိုးလို့ ပတ်ဝန်းကျင်အမြင်မှာ သူဟာ နှာဘူးကောင်ရယ်လို့ စွပ်စွဲအပြစ်တင်လေမလား။

တကယ်တော့ သူလျှောက်တွေးနေမိသလိုမျိုး
ဘယ်သူကမှ တဲ့တိုးမေးမလာကြသလို မြင်သမျှ လူတွေတိုင်းက အံ့ဩဟန် ပါးစပ်လေးဝိုင်းသွားတာနဲ့ နောက်ကွယ်မှာ တိတ်တိတ်လေး ခိုးရယ်ပြီး အတင်းချနေတာကလွဲရင် တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က အမှတ်အသားရာဆိုတာ မေးခွန်းထုတ်လို့ မကောင်းတဲ့ privacy တစ်ခုဖြစ်ကြောင်း နားလည်ထားကြတယ်။

Falling In Love With My Bomb(U/Z)Opowieści tętniące życiem. Odkryj je teraz