အကောင့်ထဲဝင်လာတဲ့ ပထမဆုံးလစာကို
တကြည့်ကြည့်ဖြစ်ပြီး ကျေနပ်နေတာ ဇေယျာကိုကို တစ်ယောက်တည်းတော့ မဟုတ်ဘူး။"အကုန်လုံးကို လွှဲပေးလိုက်ပြီနော်။
စစ်ကြည့်လိုက်ကြဦး"လို့ အစ်မစောအယ်နှင်း ပြောသွားကတည်းက အလုပ်သင်တွေအားလုံး ကိုယ့်ဖုန်းကိုယ်ထုတ်ပြီး အလုပ်ရှုပ်သွားခဲ့ကြတာ...။လေးသိန်းဆိုတဲ့ ပမာဏတစ်ခုကို
မြင်တော့ ဇေယျာကိုကိုရဲ့စိတ်ထဲမှာ
"JEMက မိုက်တော့မိုက်သားပဲ"လို့ တိတ်တဆိတ် ထောက်ခံလိုက်မိတယ်။ ဒါကြောင့်လည်း သူတို့ ဒီဇိုင်းလောကထဲမှာ ဂျမ်(မ်)ကိုလာချင်တဲ့သူတွေက ဒုနဲ့ဒေးရှိနေတာပေါ့။ အလုပ်သင်တွေကိုတောင် လေးသိန်းပေးတယ်ဆိုတော့ နောက်များ...
ရာထူးအဆင့်ဆင့် တက်သွားခဲ့ရင် ဒီထက်မက ပိုပြီးရမှာမလား။အလုပ်သင်ကနေ အမြဲတမ်းဝန်ထမ်းဖြစ်...၊
အဲ့ကနေမှ junior positionကနေ
senior position ၊ နောက် design team leaderကနေ...Art Director၊ ပြီးတော့ Creative Directorရာထူးအထိ အဆင့်ဆင့် တွက်ချက်သွားရင်း နောက်ဆယ်နှစ်အကြာမှာ အမြင့်ဆုံး ရာထူးနှစ်ခုထဲက တစ်ခုခုနဲ့ တောက်ပနေမယ့် ဇေယျာကိုကိုကိုပါ သူ့စိတ်ထဲ မြင်ယောင်လာမိတယ်။ သူရဲ့ တောက်ပတဲ့ အနာဂတ်အကြောင်းကို စိတ်ကူးယဉ်နေမိတဲ့ အချိန်မှာပဲ ချယ်ရီမေရဲ့အသံက သူ့နားထဲကို ဝုန်းခနဲ ဝင်လာတော့တာပဲ။"ကဲ...ဒါဆို ယျာကိုကို နင် တစ်သိန်းစိုက်၊ ငါလည်း တစ်သိန်းစိုက်မယ်၊ မြတ်ကိုကတော့ အင်း... ငါးသောင်းပဲစိုက်"
"ရတယ်မမချယ် ကျွန်တော်လည်း တစ်သိန်းစိုက်လိုက်မယ်လေ"
"ရပါတယ် ငါးသောင်းပဲစိုက်။
မြတ်ကိုက အငယ်ဆိုတော့ သက်သက်မဲ့ ငါးသောင်းပဲစိုက်ခိုင်းတာ။ မမတို့က အကြီးဆိုတော့ ပိုစိုက်လိုက်မယ်""ငယ်တယ်၊ ကြီးတယ်လုပ်မနေပါနဲ့ မမချယ်ရာ။ အကုန်အတူတူပေါ့"
"ဟင်...နေပါဦး ဘာကို ငါးသောင်းစိုက်၊ တစ်သိန်းစိုက်ဖြစ်နေကြတာလဲ"
သူ ရုတ်တရက်ထမေးလိုက်တော့ မြတ်ကိုကိုက ရယ်တယ်။ချယ်ရီမေကတော့ ထုံးစံအတိုင်း "ဘာကြောင်ပြန်ပြီလဲ"ဆိုတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေပြီးတော့မှ သူ့စကားကို ပြန်ဖြေပေးတယ်။
YOU ARE READING
Falling In Love With My Bomb(U/Z)