(14) Competition Day (Z)

135 7 1
                                    

အလုပ်လုပ်ရင်း တဖြည်းဖြည်း
ညဥ့်နက်လာတော့ Group(1)အဖွဲ့သားတွေက သူတို့အိပ်ရာတွေကို ​Meeting roomထဲမှာပဲ စပြင်ကြတယ်။ အပြင်မှာ ဝန်ထမ်းတွေအတွက် တစ်ယောက်အိပ်ကုတင်လေးတွေနဲ့ အဆင်ပြေပြေ အိပ်လို့ရမယ့် အခန်းလေးတွေ သီးသန့်လုပ်ပေးထားပေမယ့် ဘယ်သူကမှ တခြားအခန်းမှာ တကူးတက သွားမအိပ်ချင်ကြဘူး။

ရင်းနှီးတဲ့နေရာကသာ သက်တောင့်သက်သာ
ပိုဖြစ်တယ်လို့ လူတိုင်းက ခံယူထားကြပြီး ကြမ်းပြင်ပေါ်မှာဆိုရင်တောင်မှ သူတို့တွေဟာ ဒီနေရာလေးမှာပဲ လိုလိုလားလားအိပ်ချင်နေကြတယ်။ ကြမ်းပြင်ပေါ်မှာအိပ်ရတယ်ဆိုပေမယ့်လည်း campingထွက်ရာမှာ သုံးတဲ့အိပ်ရာလိပ်တွေကြောင့် အိပ်လို့မကောင်းမှာတော့ မပူရဘူး။
အစ်မစောအယ်နှင်းဆိုရင် "ငါတို့campingထွက်လာတာနဲ့ တူနေတယ်" ဆိုပြီးတော့တောင် ပျော်ပျော်ရွှင်ရွှင်ပြောနေခဲ့သေးတယ်။

ယောက်ျားလေး၊ မိန်းကလေး အိပ်ရာနေရာတွေကိုတော့ အခန်းရဲ့ အလည်တည့်တည့်မှာရှိနေတဲ့ စားပွဲရှည်ကြီးက ခွဲခြားပေးထားတယ်။ အခန်းကကျယ်တော့ ယောက်ျားလေးဘက်ခြမ်းက နေရာလွတ်လေးက ဇေယျာကိုကိုတို့သုံးယောက် ပူးပူးကပ်ကပ် အိပ်စရာမလိုအောင်ကို ကျယ်တယ်။ အဲ့ဒီမှာမှ အလယ်မှာ မအိပ်ချင်တဲ့ စိုင်းအယ်ဘုန်းက နံရံနဲ့ကပ်လျက်မှာအိပ်မယ်။ ချယ်ရီမေနဲ့ နီးနီးကပ်ကပ်ရှိချင်တဲ့ မြတ်ကိုကိုကတော့ စားပွဲခုံဘေးမှာအိပ်မယ်။ အဲ့ဒီတော့ ဇေယျာကိုကိုက သူ့အလိုလို အလယ်နေရာကို ရသွားတယ်။ တစ်နည်းအားဖြင့်ဆို စိုင်းအယ်ဘုန်းရဲ့ဘေးမှာ
သူ အော်တိုမက်တစ် အိပ်ခွင့်ရခဲ့တယ်။

အိပ်ရာခင်းပြီး တစ်နာရီလောက်အထိ ဇေယျာကိုကို အိပ်လို့မရခဲ့ဘူး။ အိပ်ရာအပြောင်းအလဲကြောင့်ဆိုတာထက် သူ့မှာ တွေးစရာတွေ များနေခဲ့လို့ပဲ ဖြစ်မယ်ထင်တယ်။ အထူးသဖြင့် ခေါင်မိုးထပ်မှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းက သူ့ကို မအိပ်နိုင်အောင် ထပ်ပြန်တလဲလဲ စဉ်းစားမိနေစေတယ်။

"ပြိုင်ပွဲမှာ အနိုင်ရရင် စဉ်းစားပေးမယ်"တဲ့။

ဒါဟာ ကောင်းမွန်တဲ့ အခြေအနေတစ်ခုအတွက်၊ တစ်နည်းအားဖြင့်ဆို စိုင်းအယ်ဘုန်းရဲ့ သက်ဆိုင်သူဖြစ်ခွင့်ရဖို့အတွက် အစပျိုးလာတဲ့ မျှော်လင့်ချက်တစ်ခုပဲ​ဖြစ်တယ်။ ဒီတော့ အခုအချိန်ကစပြီး သူလုပ်ဖို့လိုအပ်သွားတာက ပြိုင်ပွဲမှာ အနိုင်ရဖို့ ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ်ဖို့ပဲ။

Falling In Love With My Bomb(U/Z)Where stories live. Discover now