(11) ချိန်ကိုက်ဗုံးရဲ့အလွဲ

608 67 16
                                    

"အိမ်ထိပြန်ပို့ပေးလို့ ကျေးဇူးပါဗျ"

"မလိုပါဘူး"

ရန်သူတော်တွေဖြစ်နေကြသလို
တင်းမာနေတဲ့ အသံအတွက် ဇေယျာကိုကိုက  သူ့ရဲ့အပြုံးတွေကို စိုင်းအယ်ဘုန်းရှေ့မှာ လုံးဝမှေးမှိန်ပစ်စေမှာမဟုတ်ဘူး။ အခုဆို သူက စိုင်းအယ်ဘုန်းကို ကျောင်းမှာ ရုတ်တရက် တွေ့လိုက်ရတုန်းကထက်စာရင် ပိုပြီးပြုံးရွှင်နေပြီ။
ဒါပေမယ့် စိုင်းအယ်ဘုန်းကတော့ ဇေယျာကိုကိုနဲ့ ပြောင်းပြန်ပဲ။ သူ"ပုဆိုးပြန်ချွတ်လို့ရကြောင်း" ပြောလိုက်ချိန်ကစပြီး ပြုံးတောင်မပြုံးနိုင်တော့တဲ့အပြင် သူ့ကိုပါ အရူးတစ်ယောက်ကို ကြည့်သလိုအကြည့်မျိုးနဲ့ "ဒီလူကိုတော့ ငါလက်လျှော့လိုက်ပြီ"လို့ တွေးနေပုံ ပေါက်သွားတော့တာပဲ။

ဘယ်လိုလူမျိုးကများ စိုင်းအယ်ဘုန်းရှေ့ မျက်နှာပြောင်ပြောင်နဲ့ ငယ်ငယ်တုန်းကအတိုင်း ပြန်လက်စားချေလို့ရတယ်ပြောပြီး အားတက်သရော ဖြစ်နေခဲ့မှာတဲ့လဲ။ ဇေယျာကိုကိုဆိုတဲ့ မျက်နှာရူးကောင် တစ်ယောက်က လွဲပြီးပေါ့။

"အော်...ခဏ...ခဏလေးပါ တီအို"

"ဘာပြောစရာကျန်သေးလို့လဲ"

"ကျွန်တော်ပြောတာလေး စဥ်းစားပေးဦးနော်လို့"

"ဘာကိုစဥ်းစားရမှာ..."

"ပုဆိုးချွတ်ဖို့ကိစ္စလေ"

"Shit...အကောင်းမှတ်လို့နားထောင်တာကိုကွာ"

ဇေယျာကိုကိုပါးစပ်ကနေ
စကားအကောင်း ထွက်မလာနိုင်မှန်း
သိနေရက်သားနဲ့ ကားမောင်းစရာရှိ မောင်းထွက်မလာဘဲ နားထောင်ပေးမိတာကိုက သူ့ရဲ့ မဟာအမှားတစ်ခုပဲ။ ခပ်လှမ်းလှမ်း ရောက်သွားမှ နောက်ကြည့်မှန်ကနေ လှမ်းကြည့်တော့ မျက်နှာရူးကောင်က ကျန်ခဲ့တဲ့နေရာမှာ ဒီတိုင်းလေး မတ်တပ်ရပ်ပြီး သူ့ကားကို သေချာငေးကြည့်နေတယ်။ ကြည့်နေရင်း တာ့တာလှမ်းပြတာကို မြင်တော့မှ စိုင်းအယ်ဘုန်းက
ဟွန်းခနဲ နှာမှုတ်လိုက်ပြီး လီဗာကို အရှိန်တင်လိုက်တော့တယ်။

အိမ်ပြန်ရောက်တော့ သူ့အစ်မက ခြံထဲမှာ
laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။
ဒါပေမယ့် သူ ကားကို ဝူးခနဲ မောင်းဝင်လာကတည်းက laptopထဲလည်း အာရုံရောက်တော့ပုံမပေါ်ဘူး။

Falling In Love With My Bomb(U/Z)Where stories live. Discover now