(18) Devil Smile (U)

622 62 11
                                    

ရုံးခန်းထဲကို ပြန်လာတော့ စိုင်းအယ်ဘုန်းက ရှေ့က၊ ဇေယျာကိုကိုက‌တော့ စိုင်းအယ်ဘုန်းနောက်က ကပ်လိုက်တယ်။ တစ်ယောက်ယောက်က တစ်ခုခုမေးလာခဲ့ရင် ဘူးခံပြီး ငြင်းကြဖို့ပဲ ကြိုပြောထားကြပေမယ့် သူတို့အထင်နဲ့အမြင်က တက်တက်စင်အောင်လွဲခဲ့တယ်။ မြတ်ကိုကိုရော၊ ချယ်ရီမေ‌ရော၊ အစ်မစောအယ်နှင်းရော ဒီလူသုံးယောက်စလုံးက သူနဲ့ စိုင်းအယ်ဘုန်းကို နည်းနည်းလေးမှ အရေးလုပ်မနေခဲ့ကြဘူး။ သူတို့ကို မြင်တွေ့တယ်ဆိုရုံလောက် ခေါင်းညိတ်ပြ၊ ပြုံးပြတာကလွဲရင် ကျန်တာတွေကို အဖက်လုပ်မနေသလိုမျိုး အေးအေးဆေးဆေးကြီးတွေ ဖြစ်နေကြတယ်။

အဲ့လိုဖြစ်တာက ကောင်းပေမယ့် လူဆိုတဲ့ ဘောင်တစ်ခုထဲကနေ တွေးကြည့်ရင်တော့ နည်းနည်းလေးမှကို သဘာဝကျမနေဘူး။ ပုံမှန်ဆိုရင် လူတစ်ယောက်က သူ့ပတ်ဝန်းကျင်မှာ သံသယဝင်စရာတစ်ခုခု တွေ့ပြီဆိုတာနဲ့ သိချင်စိတ် ဖြစ်လာရမယ်၊ စပ်စုချင်စိတ်တွေ ပေါ်လာရမယ်၊ ပြီးတော့ မေးမြန်းရမယ်။ အဲ့ဒီသံသယဖြစ်စရာအနားက လူတွေကို ချဉ်းကပ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း သံသယဖြစ်စရာဆီကို တိုက်ရိုက်ချဉ်းကပ်လိုက်တာဖြစ်ဖြစ်ပေါ့။အကယ်၍ ဒီလိုအချက်တွေ တစ်ခုမှရှိမနေခဲ့ဘူးဆိုရင် အဲ့ဒီလူဟာ သူများအကြောင်းကို စိတ်မဝင်စားတတ်သူ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် စိတ်မဝင်စားချင်ယောင်ဆောင်နေတဲ့သူဖြစ်ရင်ဖြစ် နှစ်ခုထဲက တစ်ခုခုပဲ သတ်မှတ်စရာရှိတယ်။

သူတို့အဖွဲ့က လူတွေကတော့ သူများအကြောင်းကို စိတ်မဝင်စားတတ်တဲ့သူတွေတော့ မဟုတ်ကြဘူး။ ကိုယ်နဲ့မရင်းနှီးတဲ့သူတွေဆိုရင်တော့ စိတ်မဝင်စားတာက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရင်းနှီးတဲ့သူတွေရဲ့အကြောင်းကို စိတ်မဝင်စားဘဲ နေဖို့ကတော့ တော်တော်လေးကို ခံစားချက်မရှိမှဘဲ ဖြစ်နိုင်လိမ့်မယ်။ ဒီတော့ အစ်မစောအယ်နှင်း၊ ချယ်ရီမေနဲ့ မြတ်ကိုကိုတို့က သူတို့နှစ်ယောက်ကို တမင်စိတ်မဝင်စားချင်ယောင်ဆောင်နေကြတာ သေချာသလောက်ရှိတယ်။ ဇေယျာကိုကိုရဲ့စိတ်ထဲမှာ​တော့ အားလုံးက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တပ်အပ်သိနေကြပြီး သူတို့ကလိကလိဖြစ်ရသလို ဇေယျာကိုကိုတို့ကိုလည်း ကလိကလိပြန်ဖြစ်စေချင်နေတာလို့ ထင်တယ်။

Falling In Love With My Bomb(U/Z)Where stories live. Discover now