Part - 16 ( Zg + Uni)

3.5K 128 1
                                    

        { Part - 16  }

" ဦးရံ  ဒီခါးပတ်လေးကို ဦးရံ လက်ကို သား စည်း
ပေးချင်တယ် ဒါမှ ဦးရံ ကို နမ်းတာထက်ပိုတဲ့
အရာ​တွေ သား ပေးလို့ရမှာ "

ဦးရံ လို့ ခေါ်သံလေးနောက် အသိစိတ်ပျောက်နေသလို
လင်းခြံရံ  ဖြစ်နေ၍ ခေါင်းသာ ငြိမ့်နေလေသည်။

လက်တွေကို ခါးပတ်နဲ့ ချည်ပြီးရော ခြံရံ
မသိအောင် သား ပြုံးလိုက်ပြီး  ခြံရံ
ကို ရီဝေစွာ ကြည့်လာလေသည်။

" ဦးရံ....ဦးရံ မျက်လုံးလေးကိုရော သား 
တစ်ခုခုနဲ့ စည်းပေးချင်တယ်.... ဒါမှ ဦးရံ ကို
နမ်းရင် သား မရှက်မှာ....နော်...ဦးရံ နော်....နော်
....​နော်​  "

ဦးရံ လို့ တတွတ်တွတ်ခေါ်ရင်း ကုတင်အောက်က
ခြံရံ အင်္ကျီစလေးကို သား ကောက်ယူပြီး
ခြံရံ မျက်လုံးအား စည်းပေးလိုက်၏ ။

ကုတင်ပေါ်မှာ အသိစိတ် ညှို့ခံရတဲ့
လူတစ်ယောက်ပမာ ခြံရံ   မျက်လုံးပိတ်
စည်းထားခံရရင်းနဲ့ သား လုပ်မှာကို
ငြိမ်သက်ကာ စောင့်လို့နေ၏ ။

" ကျွီ "

ထိုအချိန်​ တံခါးဖွင့်သံလည်း ကြားလိုက်ရော
ခြံရံ အသိဝင်လာပြီး ကုတင်ပေါ်ကနေ
ချက်​ချင်းထလာ၏ ။

" မေသွေးခြယ်.....!!!!  မေသွေးခြယ် ....!!! "

" တာ့တာ.... ဦးရံလေးရေ အခန်းထဲမှာ
တစ်ယောက်တည်း နေခဲ့လိုက်တော့...."

" ဝုန်း...!!! "

တံခါးပိတ်သံ အသံအကျယ်ကြီးကြောင့် သူ့ကို
ထားခဲ့ပြီဆိုတာ ခြံရံ သိလိုက်၏  ။
ချက်ချင်းဆိုသလို သူရဲ့ မေးရိုးကြောတွေလည်း
ထောင်သွားခဲ့၏ ။

" မေသွေးခြယ် ....!!!!! မင်း....... .!!!!
ပြန်​လာခဲ့စမ်း.....!!!! ပြန်​လာခဲ့လို့....!!!!
ဟာကွာ....​တောက်​စ်​....!!! "

မျက်လုံးက အဝတ်စစည်းခံထားရတဲ့အပြင်
လက်ကလည်း ခါးပတ်နဲ့ တုပ်နှောင်ထားခံရ၍
ခြံရံ တစ်ယောက် ရုန်းမရ ဖြစ်လေသည်။

အခန်းတံခါးကလည်း လော့ခ်ျ ချထားခံရ၍
ဘယ်သူ့ကို အကူအညီ တောင်းရမှန်းမသိကာ
စိတ်​​တွေတို​​နေလေသည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Donde viven las historias. Descúbrelo ahora