Part - 19 ( Zg + Uni)

3.2K 128 5
                                    

        { Part - 19  }

မနေ့က သား ရင်ဖွင့်လိုက်တာနဲ့ ပတ်သက်ပြီး
ဒယ်ဒီ က သား အပေါ် ဂရုတစိုက်ရှိသွားခဲ့သည်။

ထမင်းစားရင်ကအစ သား အပေါ် ဂရုတစိုက်
ရှိလွန်းလှသည်။

ဒေါ်သက်ချို နဲ့ မိုးပုလဲ ကလည်း ဒယ်ဒီ ရဲ့
ဂရုတစိုက်ရှိပုံတွေကြောင့် သား ကို
မလိုလားတဲ့ အကြည့်တွေနဲ့ပေ။

မိုးပုလဲ ကို သား ရှေ့မှာတင် ဂရုစိုက်ပေးနေသော
ဦးခြံရံ ကြောင့် သား နာကျင်ရပေမဲ့ ဒယ်ဒီ
က သားကို ဂရုစိုက်ပေးနေတော့ သိပ်မနာ
ကျင်မိတော့ပါ။

************************

" မမလေး ဒီနားလေးမှာပဲ ဆော့ရ​အောင်​​နော်
မဲတူးမ ရေမကူးတတ်ဘူး တော်ကြာ
ဟိုထိ သွားရင် နစ်နေလိမ့်မယ် "

ဘောကွင်းလေးထဲ ဝင်ပြီး ရေနိမ့်နိမ့်နားလေး
မှာ ဆော့နေရင်းနဲ့ ပြောလိုက်တော့
သား ပြုံးလိုက်မိသည်။

" ငါ့ကတော့ ရေကူးတတ်တယ် မဲမဲ.....
ဟိုထိ သွားမယ် "

" နစ်လိမ့်မယ်နော် မမလေး..... ဒီနားလေးမှာပဲ
ဆော့ပါနော် "

" ရေကူးချန်ပီယံကြီးပါ မဲမဲရဲ့ ဘာမှမဖြစ်ဘူး
ငါ့ကို စိတ်ပူမနေနဲ့ "

ပြောရင်း ငါးတစ်ကောင်လို ကူးခတ်ရင်း
ခပ်လှမ်းလှမ်းကို ရောက်သွားသော
မမလေး ကြောင့် လူက ဘာလုပ်ရမှန်းမသိ
တော့ပေ။

" မမလေး..... မမလေး ရေနစ်လိမ့်မယ်
ထပ်မသွားပါနဲ့ မမလေး.....!!!! 
ထပ်မသွားပါနဲ့ "

" ဘာမှမဖြစ်ပါဘူး မဲမဲရဲ့.... ငါ ဘာမှမဖြစ်ပါဘူး "

နားဖုံးရုံ ဆံပင်လေးကို ခါရင်း ပြောလိုက်တော့
မမလေးကို မဲတူးမ ကြည့်နေမိသည်။

အတော်လှတဲ့ မမလေးပါ။  ဆံပင်လေးက
နားဖုံးရုံ ကေတိုလေးဆိုပေမဲ့ မမလေးနဲ့ကျတော့
ကလေးလေး အလားပေ။ အသားရည်ကအစ
ဖွေးဥနုဖပ်​ပြီး နှာသီးဖျားလေးတွေဆို
နီရဲနေသည်။  ဝိုင်းစက်စက်မျက်လုံးလေးနဲ့ 
မျက်နှာဝိုင်းဝိုင်းလေးကလည်း အပူအပင်
ကင်းတဲ့ ကလေးလေး တစ်ယောက်အလား
ပေ။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now