Part - 25 ( Zg + Uni)

3.3K 128 3
                                    

        { Part - 25 }

အခန်းထဲ ရောက်တော့ ကုတင်ပေါ်မှာ
လဲနေတဲ့ မေသွေးခြယ် ကို ခြံရံ တွေ့လိုက်၍
သက်ပြင်းတစ်ချက်ချကာ အနားရောက်သွား
သည်။

" မေသွေးခြယ် ဒီမှာ ငါ့ မာမီ နဲ့ ကြီးဆွေက
မင်း ဗိုက်ဆာနေမှာစိုးလို့တဲ့...နွားနို့နဲ့
ပေါင်မုန့် ထောပတ်သုတ် ​ပေးခိုင်းလိုက်​တယ် "

သား လက်ထဲထိုးထည့်လာတော့ နာကျင်စွာနဲ့
ပဲ ထိုအရာကို သား ယူလိုက်သည်။

ယူပြီးတာနဲ့ သား စားဖို့ကို ကြည့်နေသော ဦးခြံရံ
ကြောင့် သား မဲ့ပစ်လိုက်ပြီး နွားနို့ခွက်ကို ဦးခြံရံ
ခေါင်းပေါ် သား လောင်းချပစ်လိုက်သည်။

ခေါင်းတည့်တည့်ကနေ နွားနို့တွေ လောင်းချခံလိုက်ရ
တော့ ခြံရံ လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားပြီးသားပေ။

" မင်း ဘယ်လိုလုပ်လိုက်တာလဲ မေသွေးခြယ်. .!!
မင်း ရူးနေတာလား..!!!  "

" သား မရူးဘူး.....ခင်ဗျား ရူးနေတာ "

လက်ထဲက ပေါင်မုန့်ထောပတ်သုတ်တွေနဲ့ပါ
သူ့ မျက်နှာ တည့်တည့်ကို သား ကောက်
ပေါက်ပစ်လိုက်သည်။

" မေသွေးခြယ်...!!!! မင်း...မင်း... .!!!!  "

" ဘာလဲ...!! လက်သီး ဆုပ်ထားတာက
သား မျက်နှာကို ထိုးဖို့လား...??
ဒါဆို ထိုးလိုက်... !! ထိုးလိုက်စမ်းပါ
ဦးလင်းခြံရံ.. .ခင်ဗျား လို နွားကို သား
အရမ်း ရွံတယ် "

"  ရွံတယ် ဟုတ်လား မေသွေးခြယ်...
ရွံရအောင် မင်းကို ငါ့ က ပွတ်သီးကပ်သပ်
လုပ်မနေဘူး "

" ဘယ်လုပ်မလဲ ဦးလင်းခြံရံ. ..ခင်ဗျား က
နွားလေ ဒီတော့ နွားတွေရဲ့ သဘာဝအတိုင်း
အကြွင်းအကျန်တွေပဲ စားမှာ... .
အထူးသဖြင့် အဲ့ဒီ အကြွင်းအကျန်က
ဘယ်လိုမျိုးလဲဆိုတော့ မိုးပုလဲ လို မိန်းမမျိုးပေါ့ "

" အတော်ရိုင်းတဲ့ မိန်းမပဲ မေသွေးခြယ် မင်းက "

" အခုမှ သိတာလား ဦးလင်းခြံရံ
သား ရိုင်းတာကို... ဒါပေမဲ့ သား က
ရိုင်းပဲ ရိုင်းတာ ခင်ဗျား ဟာမ မိုးပုလဲ
လို  ပလီတီ ပလာတာ မလုပ်တတ်ဘူး ...."

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now