{ Part - 45 }" ဟာဟာ ဒီနေ့ မြန်မာနိုင်ငံသွားရင် ဖြူလုံးရော
လိုက်မယ် "" မြန်မာနိုင်ငံ ဘာလိုက်လုပ်မလို့လဲ ဖြူလုံး
နင့်က "" ဖေဖေ့ ကို ငိုအောင် လုပ်တဲ့ မိန်းမကို
ဖြူလုံး ရှာမလို့..... "" အဲ့ဒါ နင့် အမေနော် ဖြူလုံး... "
" ဖြူလုံး သိတယ် ဒါပေမဲ့ ဖြူလုံး သူ့ကို
အရမ်းမုန်းတယ်... .ဖေဖေ့ကို ငိုအောင်လုပ်လို့...
ငယ်ငယ်က ဖြူလုံး မေမေ့ အကြောင်းမေးတိုင်း
ဖေဖေက ငိုတယ်... နောက်ပြီး တစ်နေရာသွား
တယ်ပြောပြီး ဖေဖေ့ က ငိုနေခဲ့တယ်.....
ဒါကြောင့် ဖြူလုံး သူ့ကို အရမ်းမုန်းတယ် "မဟာ ကိုးနှစ်အရွယ်ကလေးနဲ့မှ မလိုက်၊
အမုန်းတရားတွေကို သိနေသော ဖြူလုံးလေး
ကို ကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိ။ ဒါတွေက
သူ့ အပြစ်တွေပေ။ ခြံရံ မိန်းမကို မုန်းတာနဲ့
ဖြူလုံး ရှေ့ ထိုမိန်းမ မကောင်းကြောင်း
သူ ပြောမိသည်။ဒါကို မှတ်ထားပြီး ဖြူလုံးက မုန်းနေတယ်လေ။
အကယ်၍ ခြံရံ သာ သူ့ သမီးလေး က သူ့
မိန်းမကို မုန်းနေတာသိရင် ရင်ကွဲလောက်
မည်။ ဖြူလုံးလေး ကလည်း အလည်လေးပေ။
သူ့ အဖေရှေ့ သူ့ အမေကို မုန်းကြောင်း
ဘယ်တော့မှ မပြော။ သူ့ကိုသာ ပြောသည်။
အခုလည်း အလုပ် ကိစ္စနဲ့ မြန်မာပြည်
သွားမှာကို လိုက်ဖို့ လုပ်နေတယ်လေ။" မလိုက်ပါနဲ့ ဖြူလုံး ရယ်.... နင့် အဖေ
သိရင် ငါ့ကို သတ်လိမ့်မယ် "" မသတ်ပါဘူး ဟာဟာကလည်း...
ဖေဖေ့ က ဟာဟာကို အရမ်းချစ်တာ
သိရဲ့သားနဲ့ ...ဟာဟာ ပြောရင်
ဖေဖေ့က တစ်ခွန်းတည်း ရမှာပါ "ကလေးလေး မတန်မဲ့ အရမ်းလည်နေသဖြင့်
မဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။" နော်... ဟာဟာ... ဖြူလုံး မြန်မာနိုင်ငံ
လိုက်မယ်နော်.. ..နော်နော်....!! နော်လို့...!! "လက်ကို အတင်းကိုင်ပြီး လိုက်မယ်လုပ်နေသဖြင့်
မဟာ ခေါင်းသာငြိမ့်လိုက်ရတော့သည်။
![](https://img.wattpad.com/cover/319236194-288-k370055.jpg)
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...