{ Part - 23 }" ဘာလို့ သရဲအိမ်ပိုင်ရှင် ဦးလေးကြီးကို
ရန်တွေ့နေရတာလဲ...? ဦးခြံရံ "ရန်ဖြစ်တာ ပြီးသွားလို့ ကားပေါ်တောင်
ရောက်နေပြီကို အခုမှ မကျေနပ်ကြောင်း
လာပြောသော မေသွေးခြယ် ကြောင့်
ခြံရံ ကြည့်ပဲ ကြည့်နေလိုက်သည်။" သား ပြောတာ မကြားဘူးလား...?
ဦးလင်းခြံရံ ဘာလို့ သရဲအိမ်က ဦးလေးကြီးနဲ့
ရန်ဖြစ်ရတာလဲလို့....! ! "" ကြားတယ် ငါ မဖြေချင်လို့ မဖြေတာ "
" အယုတ်တမာကောင် "
" ငါ့ကို ဆဲတယ်ပေါ့ အဲ့ဒီလူကြီးကြောင့် "
" အဲ့ဒီလူကြီးကြောင့် ဆဲတာ မဟုတ်ဘူး
အမြင်ကပ်လို့ ဆဲတာ "" အမြင်ကပ်ရအောင် မင်းကို ငါ့က ဘာတွေ
များလုပ်နေလို့လဲ.. .? မေသွေးခြယ် "" ခင်ဗျား နမ်းလို့လေ... ခင်ဗျား နမ်းလိုက်လို့
သား အရှက်ကွဲသွားတာ "" ဪ မင်းမှာ အရှက်ရှိသေးတယ်ပေါ့
ငါ့က မရှိတော့ဘူး ထင်နေတာ
အာ့.. .အား... မင်း ဘာလုပ်တာလဲ
မေသွေးခြယ် "" ဆွဲလိမ်တာလေ... အဲ့ဒါ သား ကို အရှက်မရှိဘူး
ပြောချင်အုံး.. ..!!!! "" အား.... အား.... မေသွေးခြယ်
နာတယ်... ငါ နာတယ်လို့...!! !! "ဗိုက်ခေါက်ကို လာဆွဲလိမ်လိုက်တော့ ခြံရံ
တစ်ကိုယ်လုံး တွန့်သွားပြီး အားကနဲပေ။" အား.... လွှတ်... လွှတ်...!!! မေသွေးခြယ်
ငါ နာတယ်.... နာတယ်လို့....!!!! "" ပြောအုံးမလား သားကို အရှက်မရှိဘူးလို့...
ဒါဆို လွှတ်ပေးမယ်.... "" အား...အား...နာတယ်...ငါ နာတယ်လို့
မေသွေးခြယ် "" ပြောလေ...ပြောရင် သား လွှတ်ပေးမယ် "
" အင်း "
" ဘာအင်းလဲ...?? သေချာပြော
မဟုတ်ရင် ဗိုက်ကြော ပြတ်သွားမယ်မှတ် "" မပြောတော့ဘူး.. .မင်းကို ငါ မပြောတော့ဘူး "
" ဒီလို လိမ္မာမွေပါ့... "
ပြောရင်း မေသွေးခြယ် ပြုံးလိုက်ကာ
ခြံရံ ဗိုက်ကို လွှတ်ပေးလိုက်သည်။
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...