{ Part - 28 }" ဦးလင်းခြံရံ ခင်ဗျား က နေပါအုံး ဘာ ကိစ္စ
သား show ပွဲမှာ ဝတ်မယ့် အဝတ်အစားကို
ယဉ်အောင် လုပ်ထားရတာလဲ...
show ပွဲဆိုတာ ဟော့တာ ဝတ်မှ နိုင်တာ
ခင်ဗျား မသိဘူးလား... ?? "နှစ်ယောက်ဆုံတဲ့ အချိန်မှ ရန်တွေ့လာသော
မေသွေးခြယ် ကို ခြံရံ ကြည့်ပြီး မဲ့လိုက်၏ ။" မင်း ကိုယ်မင်း ယုံကြည်ချက်မရှိဘူးလား
မေသွေးခြယ်....ဘာလဲ ရှိုးပွဲမှာ
မနိုင်ဘူးလို့ ထင်နေတာလား...? ? "" စဉ်းစားလိုက်လေ ...ဆုတောင်းလိုက် ဦးလင်းခြံရံ
မေသွေးခြယ် ဆိုတဲ့ မိန်းမက မပိုင်ရင်
ခြင်တောင် မရိုက်ဘူး..... ဘာလဲ ခင်ဗျား
က ခင်ဗျားဟာမ မိုးပုလဲ နိုင်မယ်ထင်နေတာ
လား.....?? "" ထင်ရာတွေ လျှောက်ပြောမနေနဲ့
မေသွေးခြယ်.... အားအားရှိ ငါ့ကို
လာပုတ်ခတ်မနေနဲ့ "" ပုတ်ခတ်တယ် ဟုတ်လား...??
ပုတ်ခတ်တယ် ပြောရအောင်
ခင်ဗျား က နေတာထိုင်တာ တအားမှန်တာလေ
နေပုံထိုင်ပုံကိုက မအိပ်ရုံတမယ်ပဲ "" အဟက်...မင်း သဝန်တိုနေတာလား မေသွေးခြယ် "
သား ကိုယ်လေးကို ဆွဲယူလိုက်တော့
လူက ချက်ချင်း ရုန်းလိုက်သည်။" လွှတ်...!! ဦးလင်းခြံရံ သား ကို
လွှတ်...!!! အခု လွှတ်လို့ "နီးကပ်စွာ ရှိနေသော မျက်နှာဝိုင်းဝိုင်းလေးပေါ်
က နှုတ်ခမ်းဖူးဖူးလေးက လွှတ်ဖို့ ပြောနေတော့
ခြံရံ ပြုံးလိုက်သည်။" ဘာလဲ မေသွေးခြယ်.... ငါရဲ့ အနီးအနား
မင်း မနေရဲတာက ရင်ခုန်မှာစိုးလို့လား..?? "" အဲ့ဒီလောက်ထိ ကိုယ့် ကိုယ်ကို အထင်တွေကြီး
မနေနဲ့ ဦးလင်းခြံရံ "" အထင်ကြီးရမှာပေါ့ မင်းက ငါ့ကို ပုလဲ နဲ့
သဝန်တွေ ဇွတ်တိုနေတာလေ "အပြောနဲ့အတူ သူ့က သား ကိုယ်လေးကို
တင်းကြပ်စွာ ဖက်ထားလိုက်တော့
သူ့ ရင်ခွင်ထဲ သား ရောက်လို့ သွားသည်။သား ကို ခနဲ့သလို စိုက်ကြည့်နေတဲ့
သူ့ မျက်ဝန်းတစ်စုံကြောင့်လည်း သား နှုတ်ခမ်းကို ကိုက်ပစ်လိုက်သည်။
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...