{ Part - 40 }" ခင်ဗျား မချဉ်ဘူးလား ဦးလင်းခြံရံ. ..?? "
သား ရှေ့ company စာရင်းတွေ လာလုပ်ရင်း
သူ့ ပါးစပ်က အချဉ်ပေါင်းတွေ တစ်ထုတ်ပြီး
တစ်ထုတ် စားနေ၍ မနေနိုင်တဲ့အဆုံး လူက
မေးကြည့်လိုက်သည်။" မချဉ်ဘူး မေသွေးခြယ်. ...မချဉ်တဲ့ အပြင်
ချိုတောင် ချိုနေသေး... .ဒါနဲ့ မင်း အချဉ်တွေ
မကြိုက်ဘူးနော် တစ်ချို့ ကိုယ်ဝန်ဆောင်တွေ
ဆို ဗိုက်ကြီးတာနဲ့ အချဉ်တွေ တအားစား
ကြတာ "" အဲ့ဒါက... သူတို့က သူတို့ ဗိုက်ထဲက ကလေးကို
ချစ်လို့လေ.... သားကမှ ဒီဗိုက်ထဲက ကလေး
ကို မချစ်တာ ဘယ်လိုလို့ စားချင်မှာလဲ...?? "တွေဝေမှုမရှိ ပြောနေသော မေသွေးခြယ် ကို
ခြံရံ ကြည့်ပြီး သူရဲ့ အာရုံကို computer ဆီ
ပြန်ပို့လိုက်သည်။သူ့ ရင်ထဲမှာ နာကျင်သွားတာကိုတော့ သူကိုယ်တိုင်
အသိဆုံးပေ။ သို့သော် အပြင်ပန်းက သူ့ ပုံစံ
ကတော့ ဘာမှမဖြစ်သလိုနဲ့ပေ။သား ကို အကြည့်လွှဲကာ computer ဆီကို
အာရုံပို့ထားပြီး အလုပ်လုပ်နေသော သူ့ကို
သား ကြည့်နေမိသည်။ဘာမှမဖြစ်သလို ပုံစံပေါက်နေတဲ့ သူ့ ပုံစံ က
သား ရင်ကို အတော်နာကျင်စေသည်။သူ့ကမှ သားကို မချစ်တာ သား ပြောတဲ့
စကားကြောင့် ဘယ်လိုလို့ နာကျင်မှာလဲ။ထူးတော့ ထူးဆန်းတယ်။ သား ကိုယ်ဝန်ရှိ
ချိန်ကနေစပြီး သူ့က အချဉ်တွေ၊ အစပ်တွေ
တောက်လျှောက် စားလာတာ...
အခုထက်ထိပဲ။ သားက သာ မစားချင်တာ
သူ့က တော့ စားကောင်းနေတယ်လေ။Mom တို့ကလည်း ဦးခြံရံ အချဉ်တွေ စားတာ
ကို ကြည့်ပြီး သားကို ခဏခဏ စကြသည်။သား အစား ဦးခြံရံ က ကိုယ်ဝန်ဆောင်ပေးနေတာတဲ့။
ဒါတင်မကသေး ဦးခြံရံ က မြင်မြင်သမျှ ချဉ်ခြင်း
တက်နေတာကလည်း သား အစား
သူ့က ဗိုက်ကြီးပေးနေတာတဲ့။Mom တို့က အဲ့ဒီလို ပြောပေမဲ့ သား မယုံပါ။
သူ့ကမှ သားကို မချစ်တာလေ။
![](https://img.wattpad.com/cover/319236194-288-k370055.jpg)
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...