Part - 44 ( Zg + Uni)

2.9K 125 4
                                    

        { Part - 44  }

သား ဒီနေ့ company မှာ ကားထားပြီး
company နဲ့ နီးတဲ့ မာမီ  လာနေကျ
ဆိုင်လေးကို လာဖြစ်သည်။

ဆိုင်ထဲလည်းဝင်ရော သူ့ အမေနဲ့
ထိုင်နေတဲ့ လေးနှစ် အရွယ် ငါးနှစ်အရွယ်
ကလေးမလေးကို မျက်လုံးက ကြည့်လိုက်မိသည်။

" မာမီ....မာမီ.... ဒီမုန့်လေး သူသူ စားမယ် "

" မာမီ သမီးလေးက စားချင်တာပေါ့ ဟုတ်လား..???
ဒါဆို မာမီ က ခွံကျွေးမှာပေါ့ "

ငါးနှစ်အရွယ်ကလေးမလေးကို ခွံကျွေးနေသော
အစ်မကြီး ကြောင့် သား မျက်ရည်တွေကျ
လာမိသည်။

ရင်ထဲလည်း ဘယ်လိုမှ ဖြေဆည်လို့မရ။
သား... သမီး ဖြူလုံးလေးကို အရမ်းလွမ်းလာ
မိသည်။

ဆိုင်ထဲ ဆက်​ဝင်​ဖို့ အင်အားမရှိတော့တာကြောင့်
အပြင်ကို ပြေးထွက်လာလိုက်​သည်။

နှစ်နှစ် နဲ့ ရှစ်လရှိသွားပြီလေ။ သား ဖြူလုံးလေး နဲ့
သား ခွဲရတာ။ အတ္တ​တွေကြောင့် သား သမီးလေး
ကို ဦးခြံရံ ကို အပိုင်ပေးလိုက်မိသည်။

ဒီအတွက်လည်း တစ်ရက်ကလေးမှ အိအ်မပျော်ဘဲ
ညတိုင်း မျက်ရည်တွေ ကျနေရသည်။

ဒီအချိန်ဆို သား ဖြူလုံးလေး စကားလေးတွေ
ပြောတတ်ပြီး လမ်းလျှောက်နေတတ်လောက်ပြီ။ 

သား ဖြူလုံးလေး ကို သတိရနေပေမဲ့ ဦးခြံရံ
ကို အရမ်းမုန်းသည်။ ဒီအမုန်းတွေကို သား
ရင်ဝယ်ပိုက်ထားရမည်။ အနည်းဆုံးတော့
သား ဦးခြံရံ ကို နိုင်ခဲ့တယ်လေ။

သား အခုဘွဲ့ရပြီး ဒယ်ဒီ company မှာ
ဒယ်ဒီ နဲ့ အတူ အလုပ်ဝင်လုပ်နေပြီလေ။

Mom ဆီကိုလည်း သား နှစ်ပတ် တစ်ခါ
သို့မဟုတ်၊  တစ်လ တစ်ခါ သွားဖြစ်သည်။

သွားလိုက်တိုင်း Mom က နှစ်သိမ့်ပေးရှာပါသည်။
သမီးလေး ကိုလည်း မတွေ့တွေ့အောင် ရှာပေး
မယ်ဆိုပြီး။

သားကတော့ Mom အဲ့ဒီလိုပြောတိုင်း စိတ်ထဲ
မလုံ ဖြစ်ရသည်။ တစ်ချိန်ချိန်မှာ Mom သာ
ကွာရှင်းစေခဲ့တဲ့ အဓိကတရားခံက သား
ဆိုတာ သိရင် သားကို မုန်းမလားမသိ။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now