{ Part - 57 }" ထမင်းစားပြီးမှ သွားလေ baby ....နို့မို့ဆို
baby အားနည်းပြီး မနေ့ညကလို
ထပ်လဲနေလိမ့်မယ် "" ရတယ် ဦးရံ... မနေ့က တစ်နေကုန်
ဘာမှမစားလို့ မူးလဲသွားတာ အခု အားဆေး
သွင်းထားတာပဲ... ဘာမှမဖြစ်တော့ပါဘူး
လာပါ သမီးလေး ဆီကို သားတို့ သွားရအောင် "" ဖိုက်တင်းနော် ဒယ်ဒီ သမီးလေး "
" ဟုတ် ဒယ်ဒီ ....ဒါဆို သားတို့ သွားပြီနော်
ဒယ်ဒီ ဂရုစိုက်အုံး "ရှေ့တည့်တည့်က ထမင်းစားဝိုင်းမှာ ထိုင်နေတဲ့
ဒယ်ဒီ ဆီက အားပေးစကားရတာနဲ့ ဒယ်ဒီ
ကို နှုတ်ဆက်ပြီး ထိုင်နေရာကနေ သား
ထလာခဲ့လိုက်သည်။ဦးရံ ကလည်း သားထလာတာနဲ့ တန်းလိုက်လေသည်။
************************
ခြံရံ ကားမောင်းနေပေမဲ့ မျက်လုံးက တစ်ချက်
တစ်ချက် baby ဆီမှာပေ။မနေ့ညက သမီးလေး ဆီ ပြန်ဖို့ နာရီဝက်အလိုမှ
baby က မူးလဲသွားခဲ့သည်။ ဒေါက်တာခေါ်
ပြီး စမ်းသပ်ခိုင်းတော့ baby က ဒီရက်ပိုင်း
ဘာမှမစားလို့ ကိုယ်ခံအားနည်းပြီး မူးလဲတာတဲ့။
ဒါကြောင့် baby ကို စိတ်ပူပြီး မနေ့ညက
သမီးလေး ဆီ သူ မပြန်တော့တာပင်။" မဟာ...!! "
ဟိုတယ်ရောက်ရောက်ချင်း အပေါက်ဝမှာ သူ့ကို
ရပ်စောင့်နေတဲ့ မဟာ ကို တွေ့တာနဲ့
ကားကို ဟိုတယ်ရှေ့ အမြန်ထိုးရပ်ပြီး
baby ကို ခေါ်ကာ ကားပေါ်ကနေ ဆင်း
လာခဲ့လိုက်သည်။" အေး မင်း လာတာနဲ့ အတော်ပဲ ခြံရံ.. ..
ဖြူလုံးလေး က မနေ့ညကတည်းက
အခုထက်ထိ ဘာမှ မစားဘူး "" ဘာ...!!! မစားဘူးဟုတ်လား...??
မနေ့က ကတည်းက မင်းကို ငါ မှာထားတယ်
လေ... .ကလေးကို သေချာဂရုစိုက်ပြီး
ကျွေးပေးပါလို့... "" ကျွေးလို့ မရဘူး ခြံရံ.... မင့် သမီးက
ဘယ်လောက်ထိ တဇွတ်ထိုးဆန်လဲဆိုတာ
မင်း သိပါတယ် "" ဦးရံ ဖြူလုံးလေး ကို သား ကျွေးကြည့်ချင်တယ်..."
" ဖြစ်ပါ့မလား သား...ဖြူလုံး က ခြံရံ ကျွေးမှ
စားတာနော် "
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...