{ Part - 52 }အိမ်ပြန်လမ်းတွေဟာ သား အတွက် နာကျင်စရာ
ကြီးပါ။ ရင်ထဲမှာလည်း ပြောမပြတတ်အောင်ပေ။
သူ့ကတော့ သား စေ့စပ်မှာကို ပျော်ရွင်နေ
သည်။သားကသာ မပျော်ရွင်နိုင်တာ။ ဒါပေမဲ့ သား
တောင့်ခံနိုင်ခဲ့ပါသည်။အနည်းဆုံးတော့ သား ပြိုလဲနေတာကို သူ
မသိဘူးလေ။ အရာရာဟာ သူနဲ့ ပတ်သက်ရင်
လွယ်လာတဲ့ မျက်ရည်ကြောင့်လည်း
နှလုံးသား တစ်ခုလုံးက ကြေမွနေသည်။သို့သော် သူမ မသိတာက တခြားတစ်ဖက်မှာလည်း
သူမ နည်းတူ လင်းခြံရံ ပြိုလဲနေတယ်ဆိုတာကိုပင်။" ဘာလို့လဲ. ..??? ဘာလို့ အခုချိန်ထိ
ကိုယ့်ကို မင်း မုန်းနေရတာလဲ...??
ကိုယ် ဘာအမှားတွေများ လုပ်မိလို့
မင်း ကိုယ့်ကို အဲ့ဒီလောက်ထိ မုန်းနေရတာလဲ..?? "မေသွေးခြယ် ပြန်သွားတာတောင် ခြံရံ စားပွဲက
နေ မထနိုင်ခဲ့ပါ။ တစ်ယောက်တည်း ပြောပြီး
မျက်ရည်တွေ ကျနေသည်။ ဘေးက လူတွေ
ကလည်း သူ့ကို ကြည့်လာကြသည်။ ဒါကိုတောင်
ခြံရံ မမူဘဲ ပေါက်ကွဲနေဆဲပင်။မဟာ နဲ့ဆို ပျော်သွားတဲ့ မင်း မျက်နှာ၊
စေ့စပ်ဖို့ကိုတောင် လက်ခံလိုက်ပြီဆိုမှတော့
သေချာပါတယ် မင်း သူ့ကို သိပ်ချစ်တာပဲ။မင်း မချစ်တာက ကိုယ့်က လွဲရင်ပေါ့။
တစ်ခါလောက်လေး.... ကိုယ့် ကြောင့်နဲ့
မင်း ပြုံးဖူးတာလေး ကိုယ် တစ်ခါလောက်
မြင်ချင်ပါသည်။ ဒါပေမဲ့ ဒါ့က မဖြစ်နိုင်တော့မှန်း
ကိုယ် သိပါသည်။မင်း မဟာကို စေ့စပ်ဖို့ ပြောနေချိန်မှာ ကိုယ့်
နှလုံးသား တစ်ခုလုံးက ကွဲကြေမတတ်ဘဲ..
ယောင်္ကျားမတန်မဲ့ ကျချင်လာတဲ့ မျက်ရည်
တွေကြောင့် မကျမိအောင် မနည်း တောင့်ခံ
နေရသည်။ ဒါပေမဲ့ မင်းကတော့ ကိုယ်နဲ့
ဆန့်ကျင်ဘက် ပြုံးပျော်ရွင်နေခဲ့သည်။ကြည့်ရတာ မဟာ နဲ့ စေ့စပ်တာက မင်းကို
အရမ်းပျော်ရွင်စေပါတယ်ထင်ရဲ့....ပျော်မှာပါ...မဟာကပဲ မင်း ကို ပျော်အောင်
လုပ်နိုင်တာလေ... ကိုယ့် ကတော့ မလုပ်နိုင်
ဘူးလေ... မလုပ်နိုင်တဲ့အပြင် မင်း မုန်းနေတဲ့
သူပါ.....
![](https://img.wattpad.com/cover/319236194-288-k370055.jpg)
STAI LEGGENDO
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Storie d'amoreသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...