{ Part - 41 }" ဘာ...!! ဒယ်ဒီ ကွာရှင်းလိုက်ပြီ ဟုတ်လား..??
တကယ်လား ဒယ်ဒီ..? တကယ်လားဟင်..."" အင်း တကယ်.. ဒယ်ဒီ ကွာရှင်းလိုက်ပြီ သမီးလေး
ဒီနေ့ကစပြီး သမီးကိုပဲ ဒယ်ဒီ အချိန်ပေးတော့မယ် "" ပျော်လိုက်တာ ဒယ်ဒီ... သား အရမ်းပျော်တာပဲ
ဒါနဲ့ ဒေါ်သက်ချို ကို ဒယ်ဒီ က ဘာလို့
ကွာရှင်းတာလဲဟင်...? "မေးလာသော သမီးလေး စကားကြောင့် ဦးတိုးရှိန်
ပြုံးလိုက်ကာ...." ဒီတိုင်းပဲ စိတ်အခန့်မသင့်လို့ ဒယ်ဒီ ကွာရှင်းလိုက်တာ...
နောက်ပြီး သူနဲ့ ဒယ်ဒီ နဲ့က စိတ်သဘောထားချင်း
မတိုက်ဆိုင်ကြဘူးလေ "သား အိမ်ကို အစောကြီး လာပြီး ကွာရှင်းတဲ့
အကြောင်းတွေ ပြောနေသော ဒယ်ဒီ
စကားတွေက သား အတွက် သိပ်ကို
အားရစရာပေ။ ရင်ထဲလည်း အရမ်းပျော်ပြီး
ဒယ်ဒီ ကွာရှင်းလိုက်တာကို သား အခုထိ
မယုံနိုင်ပေ။" ဒယ်ဒီ ကွာရှင်းခွင့်တောင်းတော့ သူ့က
မကွာပေးဘူးတွေ ဘာတွေ မလုပ်ဘူးလားဟင်...??
နောက်ပြီး ဒယ်ဒီ ဆီက နစ်နာကြေးရော
မတောင်းဘူးလား "" မတောင်းဘူး သမီး....ဒယ်ဒီတို့က
နှစ်ဦးသဘောတူ ကွာရှင်းကြတာလေ
ကွာရှင်းပြီးတော့ သူ့က သူ့ သမီး
မိုးလေးကို ခေါ်ပြီး ထွက်သွားရော "" မယုံနိုင်စရာပဲ ဒယ်ဒီ ....သားက
ဒီလိုထင်နေတာ ဒယ်ဒီတို့ ကွာရှင်းရင်
သူ နစ်နာကြေးတောင်းမှာပဲ ဆိုပြီး ....
ဟင် Mom လာပါအုံး သား သတင်းကောင်းလေး
ပြောချင်လို့ "" မလာနဲ့ မီးငယ်လေး... .မာမီ ကိုယ်တိုင်
လာခဲ့မယ် မီးငယ်လေး က မပေါ့မပါးကြီး
နဲ့ "ဒေါ်နန်းအိမ် ကို မြင်ရ၍ သား ချက်ချင်းထိုင်နေရာကနေ
ထလာဖို့အလုပ် ဒေါ်နန်းအိမ် က အလာမခံဘဲ
သူမ ကိုယ်တိုင် သား ရှေ့ ဦးအောင်သွားသည်။" ပြောပါအုံး မီးငယ်လေး.... ဘာတွေ
အဲ့ဒီလောက်တောင်များ ပျော်နေရတာလဲ...?? "" Mom... ဒယ်ဒီ..ဒယ်ဒီ ကလေ
ဒေါ်သက်ချို နဲ့ ကွာရှင်းလိုက်ပြီတဲ့ "
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...