Part - 22 ( Zg + Uni)

3.5K 135 2
                                    

        { Part - 22 }

" သား ကို လွှတ်ပေးလို့ ဦးလင်းခြံရံ...!!
သား ပြောတာကြားလား လွှတ်ပေးလို့....!!!  "

ပါးစပ်ကလည်းအော်၊ ခြေထောက်တွေကလည်း
အသားကုန် ရုန်းနေတာတောင် သူ့က တစ်ချက်
ကလေးမှ မမူဘဲ ရှေ့ဆက်သွားနေပြီး သူ့
ကားဆီလည်း ရောက်ရော ကားတံခါးကို ဖွင့်ကာ
သား ကို အထဲချလိုက်သည်။

ချပေးလိုက်တာနဲ့ ကားပေါ်ကနေ သား ဆင်းဖို့
လုပ်တော့ သူ့က သားကို အဆင်းမခံဘဲ
ကားတံခါးကို လော့ခ်ျ ချပစ်ပြီး သူပါ ကား
ထဲ ဝင်လာလေသည်။

" ခင်ဗျား ဘာလုပ်တာလဲ.. .? ဦးလင်းခြံရံ
သားကို အခုလွှတ်ပေးလို့.... လွှတ်ပေးလို့
ပြောတာ ကြားလား.. !! "

" တော်စမ်း..!!  မေသွေးခြယ် အရူးတစ်ယောက်လို
အော်ပြီး ငိုနေတာ ရပ်လိုက်တော့...!! "

" မရပ်ဘူး..!!  မရပ်တော့ ခင်ဗျား က
သား ကို ဘာလုပ်ချင်လဲ...?? 
သတ်ချင်လား... !!! သတ်ချင်ရင် သတ်လိုက် "

ခြံရံ အသံတွေက တုန်ယင်ပြီး မျက်ရည်တွေပါ
မေသွေးခြယ် က ပိုးပိုးပေါက်ပေါက် ကျနေတော့
သူမ ပခုံးလေးကို သူ ဖိဆုပ်ပစ်လိုက်သည်။

" ပြောစမ်း..!!  မင်းကို ဘယ်သူ့က ငိုအောင်
လုပ်တာလဲ..?  နေထက် လား
နေထက် က မင်းကို လုပ်တာလား..??  "

" ဘာလဲ..??  ခင်ဗျား က အဲ့ဒီလူကို သွားသတ်
ပေးမလို့လား...??  ဒါဆို သွားသတ်ချေ
သား ဒယ်ဒီ လုပ်တာ... "

ခြံရံ နေထက် လို့ ထင်ထားတာကို ဦးတိုးရှိန်
ဖြစ်နေတော့ သူ စိတ်လျှော့လိုက်ရသည်။

"  ခင်ဗျား ပျော်တယ်မလား...?  ဦးလင်းခြံရံ
သား ဒယ်ဒီ က သား ကို ခင်ဗျား ပြောသလိုပဲ
မချစ်ဘူး....အခု ဒယ်ဒီ မချစ်လို့ သား
ငိုနေရပြီ... ခင်ဗျား ပျော်စမ်းပါ
သား ငိုရင် ခင်ဗျား ပျော်တယ်မဟုတ်လား...?
ပျော်လိုက်စမ်းပါ.. သား ငိုတာကို
ရယ်မောပြီး ခင်ဗျား ဟားတိုက်ပစ်လိုက်စမ်းပါ...
ဟားတိုက်လိုက်စမ်းပါ... ဟားတိုက်လိုက်​​လေ "

သူ့ အင်္ကျီစ ကို အတင်းဆွဲပြီးပြောနေတော့
ငိုနေတဲ့ သူမ မျက်နှာလေးကိုပဲ သူ ကြည့်နေမိ
သည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now