{ Part - 47 }" ဖြူလုံးလေ ဖေဖေ့ကို အရမ်းလွမ်းနေတာ...
ဖေဖေ ရော ဖြူလုံး ကို သတိမရဘူးလားဟင်.?? "ခြံရံ သူက အရင်ဖုန်းဆက်မှ သမီးလေး က
သတိရတယ်လုပ်နေတော့ သူ့နှုတ်ခမ်းတစ်စုံက
ကွေးညွတ် သွားရသည်။တော်တော် ချွဲတတ်တဲ့ သမီးလေး...။
" သတိရတာပေါ့.... ဖေဖေ က ဖြူလုံးလေး ကို
အများကြီး သတိရနေတာ.... သဘက်ခါ
ဖြူလုံးလေး ပြန်ခဲ့ရမယ်နော်....
ဖေဖေ ဖြူလုံးလေး ကို လွမ်းလှပြီ "" အမယ်လေး ပိုတာ.... ခြံရံ "
" ဟာဟာနော် ဖေဖေ က ပိုတာမဟုတ်ဘူး...
ဖေဖေက ဖြူလုံး ကို ချစ်တာ ...
မသိရင် မှတ်ထား "" အံမယ် လာလာချည်းသေး... ဖြူလုံးစုတ်
ဂျလည်မပဲ ညည်းက "" ဒါပေါ့.... လည်ရမယ်လေ မလည်ရင်
ဟာဟာ လုပ်တာခံနေရမယ်.... "ဖုန်းထဲကနေ တစ်ယောက် နဲ့ တစ်ယောက် ရန်ဖြစ်
နေကြတဲ့ မဟာ နှင့် သမီးလေး ကြောင့်
ခြံရံ ခေါင်းယမ်းလိုက်မိသည်။ တကယ်ပါ..
ဒီနှစ်ယောက်က ဘယ်တော့မှ တည့်မှာ
မဟုတ်ကြဘူး..." မဟာ မင်း အသက်ကြီးနေပြီနော်...
အခုချိန်ထိ ငါ့ သမီးလေး နဲ့ လိုက်ပြိုင်တုန်း..
ဟိုက ကလေးပဲ ရှိသေးတယ်... မင်း
တော်တော်ဆိုးတဲ့ ကောင်ပဲ "ရန်ဖြစ်တာတောင် ကောင်းကောင်း မဖြစ်ရ၊
သူ့ သမီး ဘက်ကနေ ဖုန်းထဲက
ရပ်တည်ပေးလာသဖြင့် မဟာ မျက်စောင်းခဲ
လိုက်သည်။" မင့် သမီး ဆိုးတာကိုကျတော့ မမြင်ဘူး ခြံရံ...
ငါ ဆိုးတာပဲ မြင်နေ "" ဟီးဟီး ဖေဖေ သိလား ...?? ဟာဟာက
အခုလေ ဖေဖေ့ ကို စိတ်ဆိုးပြီး မျက်စောင်းကြီး
ထိုးပြီး နှုတ်ခမ်းကြီး ဆူနေပြီ "ဝမ်းသာအားရ ပြောလာသော ဖုန်းထဲက
သမီးလေး အသံကြောင့် ခြံရံ ပြုံးလိုက်မိသည်။" မဟာ မျက်စောင်း ကို ကြီးကြပ်ထိုးနော်...
တော်ကြာ မင်း မျက်စိ အောက်ကျွတ်ကျနေ
လိမ့်မယ် "" ခစ်ခစ်. ..ဖေဖေ... .ခစ်ခစ် "
ဖုန်းထဲက သူ့ ဖအေ စကားကို ထောက်ခံပေး
နေသော ဖြူလုံး ကြောင့် မဟာ မျက်စောင်း
ကို ပိုလို့ပင် ထိုးနေလိုက်သည်။ ဖြူလုံး ကလည်း
မဟာ မျက်စောင်းထိုးတာကို ပိုလို့ ရယ်လို့။
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...