Part - 24 ( Zg + Uni)

3K 128 5
                                    

        { Part - 24 }

" ဟုတ် ကျတော် စိတ်မဆိုးပါဘူး အန်တီဝတီ
မိုးပုလဲ နဲ့က အခန့်မသင့်လို့ ကျတော်
တို့ မယူဖြစ်သွားတာပါ "

" ဟုတ်တယ် အန်တီ အခန့်မသင့်လို့ ဦးလင်း
နဲ့ ပုလဲ နဲ့က မယူဖြစ်သွားတာလေ...
ဒါပေမဲ့လည်း ပုလဲ က ဦးလင်း နဲ့
ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပြီးသားလေ
ဟုတ်တယ်မလား ဦးလင်း "

ဘယ်ကဘယ်လို ရောက်လာမှန်း မသိသော
မိုးပုလဲ ကြောင့် သား ဒေါသတွေက ထောင်း
ကနဲပေ။ နှာဘူး ဦးလင်ရခြံ ကလည်း
ဟိုမိုးပုလဲမ မေးတာကို မငြင်းဘဲ
ငြိမ်နေတော့ မှန်တာကို ဝန်ခံနေသလိုပေ။
ဒီတော့ လူက စိတ်တိုလာရသည်။

" ဟုတ်တယ် အန်တီဝတီ ရင်းနှီးတဲ့ ဆက်ဆံရေး
လေ..... မိုးပုလဲ အမေ နဲ့ သား ဒယ်ဒီ က
ယူထားတော့  သူ့ နဲ့ဆို ခဲအို တော်တယ်လေ
ဒီတော့ ရင်းနှီးထားရမှာပေါ့ "

သား ထိုင်နေရာကနေ ထကာ ဦးခြံရံ ပေါင်ပေါ်
တက်ထိုင်ရင်း ပြောလိုက်တော့ မိုးပုလဲ
မျက်နှာက မည်းပုပ်သွား၏ ။

အန်တီဝတီ ကလည်း သား လုပ်ရပ်ကို ကြည့်ကာ
ပြုံးစိစိနဲ့ပေ။

" ဦးရံ  baby လေ model show ပြိုင်ပွဲမှာ
ဝင်ပြိုင်ချင်တယ်...အဲ့ဒါ ဦးရံ ဘယ်လိုသဘော
ရလဲဟင် "

လက်သေးသေးလေးက သူ့ မျက်နှာကို မထိတထိ
လာကျီစယ်လိုက်၍ တစ်ကိုယ်လုံးက သွေး
ကြောတွေ ရှိန်းတိန်းတိန်း ဖြစ်လို့ သွားသည်။

အန်တီဝတီ နဲ့ ဦးမျိုးနိုင် ကလည်း
သူတို့ နှစ်ယောက်ကိုပဲ ကြည့်နေကြတော့
ခြံရံ မျက်နှာပါ ပူနေလေသည်။

" ဦးရံ... ဦးရံ လို့ baby ပါ ပြိုင်ချင်တယ်
ဦးရံ ခွင့်ပြုမလားဟင်...?? "

" ခြံရံ မင်း မိန်းမ မေးနေပြီ ဖြေပေးလိုက်ပါအုံး
အန်တီ တို့ကို ဘာမှ ရှက်မနေနဲ့ "

" ဟုတ်တယ် ခြံရံ.....ဦးလေးတို့ကို ဘာမှ
ရှက်မနေနဲ့  "

ရှက်စရာ ကောင်းတဲ့ လုပ်ရပ် လုပ်နေတာကို
အပြစ်တင်ဖို့ နေနေသာသာ ဘေးကနေ
အားကျတဲ့ အကြည့်နဲ့ ကြည့်ပြီး အားပေး
အားမြှောက်ပါ လုပ်နေတော့ မိုးပုလဲ ကြည့်ပြီး
ဒေါသ​တွေက ထွက်​လာသည်​။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now