Part - 33 ( Zg + Uni)

3.2K 136 0
                                    

        { Part - 33 }

ပါးရိုက်ခံရမှာ ကြောက်ပြီး မနေ့က မိုးပုလဲ က
သား ခိုင်းသမျှ အကုန်လုပ်ပေးခဲ့သည်။

ဒီတော့ သား တို့ အဖွဲ့ မိုးပုလဲ ကို ကြည့်ပြီး
ရယ်လိုက်မိသည်မှာ ပြောမပြတတ်အောင်ပေ။

သားတို့ ကျောင်းလည်း သိပ်မကြာခင်မှာ
ပြန်ဖွင့်တော့မည်။  ဒီတစ်ဖြတ် တက်ပြီးတာ
နဲ့ သားရဲ့ ဒုတိယနှစ်က ပြီးဆုံးပြီ။

***********************

" မမလေး နော် မော်မော် တို့ဆီတောင် မလာတော့
ဘူး ....မော်မော် တို့ကို စိမ်းကားနေတာ "

သား အိမ်ကို သွားတော့ မော်မော် က အလည်
မလာတဲ့အတွက် စိတ်ဆိုးနေတယ်လေ။
ကြီးမေ ကတော့ သား လာတာနဲ့ ထမင်းစား
ဖို့ တန်းပြင်ဆင်နေ၏ ။

" သား မအားလို့ပါ မော်မော် ရဲ့..
နောက်ပြီး  နင် သိပါတယ် ငါ့ က
နင် နဲ့ ကြီးမေ  ဆို အရမ်းချစ်တာ "

" ဒါတော့ ဒါပေါ့ မမလေး ရယ်
မမလေး မလာတော့ မော်မော် က ပျင်းနေတာ "

" ပျင်းတယ် ဟုတ်လား တစ်နေ့ကုန် တစ်နေကမ်း
စားလိုက် သောက်လိုက်လုပ်နေတဲ့ ဟာကများ "

" အို ကြီးမေ ကလည်း မော်မော် ဆို ဖဲ့ဖို့ပဲ "

ဟင်းပွဲတွေ စားပွဲပေါ် ချရင်း ကြီးမေ က
ပြောလိုက်တော့ မော်မော် ရဲ့ အလိုမကျသံ
လေးကလည်း အင့်ခနဲပေ။

သား ကတော့ အမြဲတမ်း မတည့်တဲ့ တူဝရီးကို
ကြည့်ကာ ပြုံးပြုံးကြီးပေ။

" ဒယ်ဒီ က အလုပ်မှာ မဟုတ်လား ကြီးမေ "

" ဟုတ်တယ် မမလေး "

" ဟို သားမိရော ဘယ်သွားလဲ ကြီးမေ "

" သူငယ်ချင်း အိမ်သွားတာ မမလေး...
သူတို့ သူငယ်ချင်း သူတို့ကို ဖုန်းဆက်ပြီး
ခေါ်တာ မော်မော် ကြားလိုက်တယ် "

ဝင်ဖြေပေးလာသော မော်မော် ကြောင့် သား
ဒီနေ့  အိမ်မှာ အကြာကြီးနေလို့ရမှန်း သဘော
ပေါက်လိုက်သည်။

***********************

" လိမ္မော်သီးလေးတွေ ကြီးမေ  ခွာလာတယ်
ပန်းသီးစိတ်လေးရောပဲ .....မမလေး
စားလိုက်အုံးနော် "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Donde viven las historias. Descúbrelo ahora