Part - 13 (Zg + Uni)

3.7K 159 4
                                    

{ Part - 13 }

" မေသွေးခြယ် "

ခေါ်သံကြောင့် ကြည့်လိုက်တော့ သား ရှေ့ကို
မိုးပုလဲ နဲ့ အတူ ရောက်လာသော ဦးခြံရံ
ကို ​တွေ့လိုက်​ရ၍ လူက လန့်သွားမိသည်။

လန့်တယ်ဆိုတာကလည်း သူ ရောက်လာတဲ့
အချိန်ကြီးက သား နှုတ်ခမ်းမှာ တစ်ခုခုပေသွားလို့
နေထက် က သုတ်ပေးနေတဲ့ အချိန်ကြီးကိုး။

" အဲ့ဒါ ဘာလုပ်နေတာလဲ မေသွေးခြယ်..?? "

ဦးခြံရံ အသံကြောင့် သား လန့်နေပါတယ်ဆိုနေမှ
နေထက် က နှုတ်ခမ်းသုတ်တာလည်း မပြီးသေး ၊
လူကလည်း စိတ်မရှည်တော့တာကြောင့်
နေထက် လက်ကို အသာလေး ဖယ်ထုတ်လိုက်သည်။

" ငါ မေးနေတာ မကြားဘူးလား မေသွေးခြယ်
အဲ့ဒါ မင်း ဘာလုပ်နေတာလဲ....?? "

" ဟိုလူ ခင်ဗျား ရှေ့ကနေ ဖယ်ပေးပါ
ကျုပ်တို့ ရုပ်ရှင် ကြည့်တာ ဘာမှ မမြင်ရတော့
ဘူး "

မာထန်သော အသံနဲ့ ရှေ့ကနေ ပိတ်ရပ်ထားသော
ဦးခြံရံ ကို ရုပ်ရှင်ရုံ က လူတွေက မတ်တပ် ထရပ်ပြီး
ဖယ်​​ပေးဖို့ ပြောတာတောင် ဦးခြံရံ ကတော့
တစ်ချက်လေးမှ ဂရုမစိုက်။

" မေသွေးခြယ် မင်း ငါ မေးနေတာ မကြားဘူးလား
ဒီကောင်နဲ့ မင်း ဘာလုပ်နေတာလဲလို့.....?? "

" ထိုင်ပြီး ရုပ်ရှင် ကြည့်နေတာလေ
ဘာလဲ ခင်​ဗျား မမြင်ဘူးလား...?? "

" သား ကြည့်ရတာ နင့် ယောင်္ကျားက
မျက်လုံး မပါဘူး ထင်တယ် "

" ဘာ....!! ထပ်​​ပြောလိုက်စမ်း....!!!
ဟေ့​ကောင်​ မင်း ငါ့ကို ဘာပြောလိုက်တယ်....!!! "

မြန်ဆန်တဲ့ လက်နဲ့ သူ့ လည်ပင်းက အင်္ကျီစ ကို
ဆွဲပြီး မေးလိုက်သော ခြံရံ ကို နေထက်
မျက်လုံးရဲကြီးနဲ့ စိုက်ကြည့်ကာ .......

" ခင်ဗျား မျက်လုံး မပါဘူးလားလို့.....!!!

" ခွပ် "

စကားအဆုံး ထိုးခံလိုက်ရသော လက်သီး
ကြောင့် ပါးစပ်ကနေ သွေးတွေ စီးကျ​နေတာ
ကို နေထက် အမြန်သုတ်ပြီး ခြံရံ မျက်နှာကို
ပြန်​ထိုးလိုက်သည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now