Part- 60 ( Zg + Uni)

3.3K 127 1
                                    

        { Part - 60  }

သား နဲ့ ခြံရံ က ကြည့်လာတာကြောင့် မဟာ ရယ်နေတာ
ကို ချက်ချင်း ရပ်လိုက်ရသည်။

" မသိဘူး ခြံခြံ က ငါ့ အပိုင်ပဲ...
ဟုတ်တယ်မလား ခြံခြံ "

စိုးသူအောင် အမေးကို ခြံရံ ခေါင်းညိတ်ပြီး
ပြုံးပြလိုက်တော့ ဖြူလုံးလေး သည်
သား လက်ကို ဆွဲကာ ခြံရံ လက်နဲ့ လာချိတ်၏ ။

" ဒီမှာ အခြောက်မ မမြင်ဖူးရင် ကြည့်ထား
ဒါ့က  ဖြူလုံး အမေ... ဖေဖေ နဲ့ အရမ်းလိုက်
ဖက်တဲ့ ဖြူလုံး မေမေ.... ဒါကြောင့်
ဒီလိုအခြောက်မကို ဖြူလုံး မေမေ အဖြစ်
လက်မခံနိုင်ဘူး "

" သေချာလား သမီးလေး.... စိုးစိုး ကို
လက္မခံဘူးဆိုတာ "

" သေချာတယ် ဖေဖေ.... ဖြူလုံး အခြောက်မကို
အမေ မတော်နိုင်ဘူး..  .ဖြူလုံး မေမေက
အန်တီမေသွေးခြယ် ပဲ "

သား လက်နဲ့ ဦးရံ လက်ကို ချိတ်ပေးထားပြီး
သမီးလေး က မေမေ့ အဖြစ် သဘောတူကြောင်း
ပြောနေတော့ သား ပျော်ချင်မိသည်။ ဒါပေမဲ့
မပျော်နိုင်ပါ။ စိုးစိုး ဆိုတဲ့ အခြောက်မကို
နှင်ထုတ်ဖို့အတွက် သား ကို သမီးလေး က
လက်နက်အဖြစ် ထုတ်သုံးနေတာလေ။

" ဟင့်အင်း ခြံခြံ က ငါ့ကို ရွေးပြီးသွားပြီ...
ခြံခြံ က ငါ့ အပိုင်ပဲ ကလေးမ "

" ဝက်ခြံသွားလို့ ပြောပြီးပြီနော် အခြောက်မ
ဖြူလုံး ဖေဖေက ခွေးခြံ၊  ဝက်ခြံ မဟုတ်ဘူး "

" မသွားပါဘူး ခြံခြံ က ငါ့ အပိုင်...
ဟုတ်တယ်မလား ခြံခြံ "

" ဒါပေါ့ စိုးစိုး ရ... ကိုယ့်က မင်း အပိုင်ပါ
ဒီနေ့က စပြီး စိုးစိုးက ငါတို့နဲ့ အတူနေလိမ့်မယ်
သွားရအောင် စိုးစိုး "

ဖြူလုံး လက်နဲ့ မေသွေးခြယ် လက်ကို ခြံရံ ပုတ်ထုတ်
ကာ စိုးစိုး ကို ခေါ်ပြီး ထွက်သွားခဲ့သည်။

မဟာ ကလည်း ခြံရံ တို့ ထွက်သွားတော့ ပခုံးကို
တွန့်ပြီး ဘာဆက်လုပ်မလဲဆိုတာ မေသွေးခြယ်
တို့ သားမိကို မျက်စပစ်ပြနေ၏ ။

" အဲ့ဒီ အခြောက်မက ဘယ်သူလဲ ဟာဟာ...??  "

" ကျောင်းတုန်းက နင့် အဖေ သူငယ်ချင်းလေ...
ကျောင်းမှာကတည်းက ခြောက်ပြီး
နင့် အဖေကို လိုက်ကြိုက်နေတာ...
အခု နင့် အဖေက အဲ့ဒီအခြောက်မကို
ကြိုက်သွားပြီ "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now