{ Part - 43 }အိမ်ပြန်ရောက်တော့ ပုခက်ထဲမှာ အိပ်ပျော်နေတဲ့
ဖြူလုံးလေး ကို လင်းခြံရံ မနိုးအောင်
အသာလေး ပွေ့ပြီး ကုတင်ပေါ် ရွေ့လိုက်သည်။လန့်နိုးမှာစိုးတဲ့အတွက်လည်း ဖြူလုံးလေး ရဲ့
ရင်ဘတ်ပေါ် စောင်ပါးပါးလေးကို
လင်းခြံရံ ခြုံပေးလိုက်သည်။သူ့ မျက်ဝန်းတွေကတော့ ဖြူလုံးလေးကို
ကြည့်ပြီး ဝမ်းနည်းမျက်ဝန်းတွေနဲ့။မွေးကတည်းက မိခင်နို့ မစို့ရတဲ့ သူရဲ့ သမီးလေး ...
အမေ ရှိပါလျက်နဲ့ နို့မှုန့်ပဲ သောက်ရသော
သူရဲ့ သမီးလေး... ဒါတွေ အားလုံးက သူ့
အပြစ်တွေပေ။သူ လုပ်လို့ သမီးလေး က baby ရဲ့ နို့ကို
မစို့ရတာလေ...ဒါတင်မက မွေးလာပြီ
ဆိုပါကတည်းက မိခင်ရဲ့ ပြုစုယုယမှုအောက်
မှာ မနေရဘဲ မိခင် ရဲ့ အမုန်းကို
ခံနေရပြီလေ။ရှေ့ရေးကို တွေးပြီး သူ ရင်မောမိသည်...
မဟာ ပြောသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သမီးလေး က အမေဘယ်မှာလဲလို့ သူ့ကို
မေးလာခဲ့ရင် သူ ဘယ်လိုပြန်ဖြေရမလဲ။သမီးလေး အမေက အဖေတို့ကို မုန်းနေတယ်
လား။ ဟင့်အင်း အဲ့ဒီလိုတော့ သူ မပြောနိုင်ပါ။
သမီးလေး ဝမ်းနည်းသွားမှာ သူ အရမ်းကြောက်
သည်။ဘာပဲဖြစ်ဖြစ်ပါ သမီးလေး ကြီးလာတာနဲ့အမျှ
သင့်တော်တဲ့ အဖြေတစ်ခုကို အခုကတည်းက
သူ စဉ်းစားထားရတော့မည်။
ဒါတွေက သမီးလေး ကောင်းဖို့ အတွက်ပါပေ။အိပ်ပျော်နေသော ဖြူလုံး ရဲ့ ဝကစ်ကစ်
ပါးဖောင်းဖောင်းလေးကို ခြံရံ တစ်ချက်နမ်းကာ
ဖြူလုံးလေး ဘေးနား လှဲဝင်အိပ်လိုက်၏ ။****************************
" အူဝဲ... .အူဝဲ..... အူဝဲ "
" ခြံရံ လုပ်အုံး.. မင့် သမီး ငိုနေတယ် "
စာရင်းတွက်နေရာကနေ ခြံရံ ချက်ချင်းထလာပြီး
ငိုနေသော ဖြူလုံး ကို ဘုန်းမဟာ လက်ထဲကနေ
အမြန် ပွေ့ချီလိုက်သည်။" ဘာဖြစ်တာလဲ မဟာ...?? ဖြူလုံး က
ဘာလို့ ငိုနေတာလဲ...?? "" ဒီလိုဟ သူ အိပ်နေတာကို ငါ့က
အူယားလို့ ပါးလေးသွားနမ်းလိုက်တာ
အဲ့တာ မင့်သမီးက ငါ နမ်းတာနဲ့ လန့်နိုးပြီး
ငိုသွားတာ "
![](https://img.wattpad.com/cover/319236194-288-k370055.jpg)
ВЫ ЧИТАЕТЕ
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Любовные романыသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...