{ Part - 21 }လိုင်းဖွင့်ပြီး သား facebook ထဲ ဝင်ကြည့်
တော့ 10 minutes ago ဆိုပြီး ပေါ်လာသော
မိုးပုလဲ အကောင့်က ဓာတ်ပုံကြောင့် လူက
ရှော့ခ် ရသွားမိသည်။ စားပွဲမှာ ကိတ်မုန့်ကြီး
တစ်လုံးချထားပြီး မိုးပုလဲ ဘေးနားမှာ
ဒယ်ဒီ နဲ့ ဒေါ်သက်ချို က ပြုံးလို့ရွင်လို့ပေ။ကြည့်နေရင်း တန်းလန်းမှ သား ပါးပြင်ပေါ်
ကို မျက်ရည်တွေက စီးကျသွားခဲ့သည်။အလုပ်တွေ ရှူပ်နေလို့ ဒယ်ဒီ က မအားဘူးတဲ့။
အခုတော့ မိုးပုလဲ မွေးနေ့မှာ မိုးပုလဲ နဲ့အတူ
ဒယ်ဒီ က ရှိနေပေးနေတယ်လေ။ကြည့်ရတာ သား က ဒယ်ဒီ အတွက် ဒေါ်သက်ချို
သမီး မိုးပုလဲ လောက်တောင် အရေးမပါတဲ့
လူပေ။လိမ်ရက်လေခြင်းဆိုတဲ့ ဒယ်ဒီ ကြောင့်လည်း
ရင်ထဲမှာက ဟာကနဲပင်။" ဘာလို့လဲ...? မာမီ
ဒယ်ဒီ က ဘာလို့ သားထက်
ဒေါ်သက်ချို တို့ သားမိကို ဦးစားပေးနေရတာလဲ...?
ဘာကြောင့်လဲ...? မာမီ. ...အီးဟီး. ..အင့်ဟင့်
....အီးဟီး "မခံစားနိုင်တဲ့ အဆုံး သား မျက်ရည်တွေ ပိုးပိုး
ပေါက်ပေါက်ကျပြီး စားပွဲမှာ ခေါင်းငိုက်စိုက်ချပြီး
ငိုလေသည်။သို့သော် တခြားတစ်ဖက်မှာ သူမ ဒယ်ဒီ က
အလုပ်တွေ တကယ် ရှူပ်နေခဲ့တာကို
သား တစ်ယောက် မသိခဲ့ပါချေ။*********************
" Ring. ....Ring..... Ring "
🎵🎵🎵 အစက တို့ နှစ်ယောက် မတွေ့ခဲ့ရင်
သိပ်ကောင်းမယ်.....
🎵🎵 အနိုင်ယူလွန်းတဲ့ နင့်ကို အရှူံးပေးခဲ့ပါတယ်...🎼🎼 နှလုံးသားလေးလည်း သွေးထွက်လွန်ခဲ့တယ်
ဒီမှာ အသည်းကွဲ ရောဂါ ကုဖို့ ခက်ပါတယ် မင်းနဲ့...🎶🎶 တစ်သက်စာ ဒီအလွမ်းများစွာ...
နင်ပေးခဲ့လည်း..ငါ အမှတ်မရှိသေးလို့ ....🎼🎼 မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ .....
🎼🎼 သံယောဇဉ် မရှိဘူး ပြောခဲ့ပေါ့...🎵🎵 တစ်ခါတစ်လေ လွမ်းလို့ ရူးချင်တယ်
ဘယ်မှာ နင့်ကို လိုက်ရှာမလဲ...??
အရာအရာကိုသာ မေ့ပစ်လိုက်ချင်တယ်
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
רומנטיקהသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...